Local News

မြစ်ကြီးနား – ဗန်းမော် ကားလမ်းပေါ်နေရာအချို့လမ်းပျက်အခြေနေဆိုးနေ….

မြစ်ကြီးနား – ဗန်းမော်ကားလမ်းဖြစ်တဲ့ ကန်တော်ယန်ဂိတ်အကျော် နဲ့ နန်ဆန်ယန်မရောက်ခင်နားမှာ မိုးဆက်တိုက်ရွာခဲ့တာကြောင့် လမ်းပျက်နေတယ်လို့ ခရီးသွားဒေသခံတွေကပြောပါတယ်။

” ရွှံ့ဗွက်တွေက လူရဲ့ဒူးအကျော် ပေါင် လောက်အထိ ရှိတဲ့အပြင် ကားတွေလည်းမြုပ်တယ်။တချို့ကားတွေဆို ဘတ်ဖိုးနဲ့ ဆွဲထုတ်ရနေရတယ် ” လု့ိ မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။

အဆိုးဆုံးလမ်းပိုင်းဖြစ်နေတဲ့နေရာက ကန်တော်ယန်ဂိတ်အကျော်နဲ့နန်ဆန်ယန်ကြားထဲမှာဖြစ်ပြီး ရေမြောင်းတွေ မဖောက်ထားတော့ရေတွေတက်နေတယ်လို့ဆိုပါတယ်။

မြစ်ကြီးနား-ဗန်းမော် လမ်းဟာဆိုရင် လမ်းကောင်းချိန်မှာခန့်မှန်း ခရီးသွားကြာချိန် ၄နာရီလောက်တာမောင်းရပြီး အခုလိုလမ်းပျက်တဲ့အချိန်မှာတော့ ညအိပ်မောင်းရတဲ့အထိဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Credit





Credit