Sports

လူငယ်ကစားသမား(၁၀)ယောက်ကျော်အထိ အငှားချမှာဖြစ်ပြီး ရွန်းနီကိုလည်း မေ့မထားကြောင်း ပြသခဲ့တဲ့ မန်ယူ

မန်ယူက နွေ ရာသီ အပြောင်း အရွှေ့ဈေးကွက် မှာ ပေါင်သန်းကို ရာနဲ့ ချီသုံး ပြီး ကစားသမား ၃ယောက်ကို ဝယ်ခဲ့ပါတယ်။ လက်ရှိ ရှိနေတဲ့ ကစားသမားတွေကို လည်း သက်တမ်းတိုး စာချုပ်ချုပ်နေပါတယ် ။

ကွင်းလယ်ကစားသမား နောက်တစ်ယောက် ကို ဝယ်ဖို့ ပြင်ဆင်နေပြီး ပေါ့ဘာကို လည်း စာချုပ်သက်တမ်း တိုးဖို့ လုပ်နေလို့ ကုန်ပေါက် ကြီးပဲဖြစ်နေပါတယ်။

အဲ့ဒါတွေကို ကာမိဖို့အတွက် ငါးကြင်းဆီနဲ့ ငါးကြင်း ကြော်လို့ ရအောင်ဆိုပြီး မန်ယူ လူငယ် ကစားသမားတွေနဲ့ ၂၃ နှစ်အောက် အသင်းသား ၁၀ယောက်ကျော်ကို အငှား ချတော့မှာ ဖြစ်ပါတယ်။

လောလောဆယ် မန်ချက်စတာ ညနေခင်း သတင်း အဆိုအရ မန်ယူနောက်တန်း ကစားသမား ဘရန်ဒန်ဝီလျှံ ကို နော့ဝစ်ချ် မှာ တစ်ရာသီစာ အငှားချဖို့အတွက် ပြောပြီး ဆိုပြီးပြီလို့ သိရပါတယ်။

နော်တင်ဟမ်ဖောရက်စ် ကလည်း မနှစ်က မန်ယူကစားသမားလေး ဂျိန်းဂါနာကို သဘောကျလို့ နောက်တစ်ရာသီ ဆက်ငှားဖို့ အတွက် စကားပြော ထားတာလည်းရှိပါတယ်။

လက်ရှိက ဂျိန်းဂါနာက နော်တင်ဟမ်မှာဆက်ကစားဖို့ ၄လ ကျန်ပါသေး တယ်။ ဒီအချိန် မှာစာချုပ်မချုပ်ရင် ရာသီအလယ်ကြီးမှာ ကောင်လေးက မန်ယူကို ပြန်သွားလို့ အသင်းမှာ ကစားပုံ ပျက်ပြီး ကျန်နေမှာစိုးလို့ စာချုပ်ချုပ်ဖို့ လုပ်နေတာပါ။

မန်ယူကနေ အငှားစာချုပ်ချုပ်ဖိုကအတွက် ပြောထားပြီတဲ့ ကစားသမားတွေထဲမှာ အေဇယ်တွန်ဇီဘီ ကို အက်စတန်ဗီလာက ယူမယ်လို့ ပြောထားပါတယ်။

စပိန် အဲ့လ်ဗက် အသင်းက ဖာကန်ဒို ပယ်လစ္စထရီ ၊ ဘာမင်ဂမ်က တာဟစ်ချောင် ကို ယူမယ်လို့ ပြောထားပြီးသားဖြစ်နေပါတယ်။ ကြေးညှိတဲ့ ကိစ္စပြီးသွားရင် အဲ့ဒိကစားသမားတွေ အကုန် မန်ယူကနေ အငှား ထွက်ကစားတော့မှာ ပါ။

မန်ယူရဲ့ ၂၃နှစ်အောက် အသင်းဖြစ်ဖြစ်တဲ့ B အသင်းက ကစားသမားတွေဖြစ်တဲ့ အီသန်လီရာဒ် ၊ အီသန် ဂယ်ဘရစ်သ် ၊ ဒစ်ဟွန်ဘားနာဒ် ၊ ဝီလ်ဖစ် ရှ် ၊ ရီးစီ ဒီဗိုင်း နဲ့ နေသန်ဘစ်ရှော့ တိုကိုလည်း အငှားချဖို့ စာရင်းထဲ ထည့်လိုက်ပါပြီ။

သူတို့တွေကို နိုင်ငံတကာ အသင်းတွေ အတွက်ရော၊ ပြည်တွင်း ကလပ်ပြိုင်ပွဲတွေ အတွက်ပါ အငှားချမှာ ။ လက်ရှိမှာ ဈေးနှုန်းတွေ မပြောသေးပေမဲ့ သေချာတာက အနည်းဆုံး သန်း ၂၀၀ လောက်ကတော့ ရမှာပါ။

ဒါတောင် အာမက်နဲ့ တီဒန်မန်ဂျီ တို့ကို ဒါဘီက ငှားထားပြီးသား ဖြစ်နေပါတယ်။ ပိုက်ဆံ မရသေးလို့ အသင်းက မလွှတ်ဘဲ ထားထားတာပါ။ လက်ရှိ ပွဲတွေ မှာ ခဏသုံးနေတာဖြစ်ပြီး ဒါဘီက ငွေလွှဲလိုက်တာနဲ့ သူတို့ အထုတ်အပိုး ပြင်ပြီးသွားရ မှာပါ။

အဲ့ဒိအငှားသမားတွေ မန်ယူက ထွက်သွားရင် လက်ရှိ မန်ယူအသင်းကြီးမှာ အင်အား တော်တော်လျှော့ သွားနိုင်ပါတယ်။

REF: Asian boo
Photo: you tube

ခရက် ဒစ်