Sports

ယူနိုက်တတ်ပရိသတ်တွေ ဟစ်ကြွေးအားပေး နေရမယ်…အိုးလ် ထရပ်ဖို့ဒ် ဆိုတာက ဒီလိုပဲ ဖြစ်နေသင့်တယ်ဆိုတဲ့ မက် တော်မီနေး….

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီကြို ပွဲစဥ်တွေမှာ အဓိက ကစားသမားတွေကို တပွဲသာ လူစုံတက်စုံ ပွဲထုတ်ထားခဲ့ပေမဲ့ ရာသီသစ် စတင်ခဲ့တဲ့ အခါမှာတော့ 5 – 1 ဆိုတဲ့ ရလဒ် နဲ့ လိဒ်စ် ယူနိုက်တက် အသင်းကို ဂိုးပြတ် ချေမှုန်း ပြသွားနိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ ယူနိုက်တက် ဖက်မှ ဘရူနို ဖာနန်ဒက်စ် (ဟတ်ထရစ်) ၊ မေဆွန် ဂရင်းဝုဒ် နဲ့ ဖရက်ဒ် တို့က တစ်ဂိုးစီ သွင်းယူပေးနိုင်ခဲ့ကြပြီး ပြင်သစ် လက်ရွေးစင် ပေါလ် ပေါ့ဂ်ဘာ က လေးထိ အထိ ဖန်တီး ပေးထားနိုင်ခဲ့ ပါတယ် ။

ဒါဟာ ယူနိုက်တက် အတွက်တော့ ကွင်းလုံးပြည့် ပရိသတ််တွေရှေ့မှောက် ပြန်လည်ကစားခွင့် ရရှိခဲ့တဲ့ ပထမဆုံး ပွဲစဥ် ဖြစ်သွားခဲ့ပါတယ် ။ ဒါ့အပြင် ပရိသတ်တွေ အရှေ့မှာ ဗာရန်းကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေငြာနိုင်ခြင်းကလည်း ပျော်စရာ တစ်ခု ဖြစ်ခဲ့ရ ပါတယ် ။

အခုတော့ ယူနိုက်တက် ကွင်းလယ်လူ မက် တော်မီနေးက ဒီပွဲမှာပရိသတ်တွေ မြူးထူးတက်ကြွခဲ့ သလိုမျိုး လာမဲ့ ပွဲစဥ်တွေမှာလည်း ဆက်လက် တက်ကြွနေဖို့ အသင်းဖော်တွေ အနေနဲ့ အင်အား အပြည့်နဲ့ ဆက်လက် တိုက်ပွဲဝင်ဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့လိုက် ပါတယ် ။

” ပရိသတ်တွေဟာ စိတ်ဓါတ် တက်ကြွအောင် နှိုးဆော်ပေးနိုင်ခဲ့ကြ ပါတယ် ။ ဒါက ဘောလုံးရာသီရဲ့ ပထမဆုံး ပွဲစဥ်ပါ ။ အခုတော့ ကျွန်တော်တို့တွေဟာ ဒီပွဲမှာ ကစားခဲ့သလိုမျိုး တစ်ရာသီလုံး အင်အား အပြည့်နဲ့ ကစားသွားဖို့ လိုအပ်နေပါပြီ ”

” ကျွန်တော်တို့ ဒီဟန်ချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ် ။ ဒီတစ်ရာသီလုံး ကျွန်တော်တို့တွေဟာ အသင်းသားတွေကို လိုအပ်မှာပါ ။ သူတို့ အားလုံးဟာ အသင််းရဲ့ အစိတ်အပိုင်း ဖြစ်နေကြမှာပါ ။ ကျွန်တော်တို့ အချင််းချင်း တွန်းအားပေးရင်း အသင်းကို တည်ဆောက်ရမှာပါ ”

” ဒါက ရာသီသစ် အစကောင်းခြင်းတစ်ခုပဲ ရှိနေပါသေးတယ် ။ ပရိသတ်တွေ ပြန်ရောက်လာခြင်းက တကယ့်ကို ခြားနားချက် ကြီးမားလွန်းလှ ပါတယ် ။ သူတို့ကို ကြည့်ရတာ အချိန်တိုင်း ဒီမှာ ရှိနေခဲ့ကြသလို လန်းဆန်းတက်ကြွမှု ပြည့်ဝနေခဲ့ ပါတယ် ”

” သူတို့တွေဟာ အရင်အတိုင်းပဲ လန်းဆန်းတက်ကြွမှု အပြည့်နဲ့ ဟစ်ကြွေး အားပေး နေခဲ့ကြ ပါတယ် ။ အိုးလ် ထရပ်ဖို့ဒ် ဆိုတာက ဒီလိုပဲ ဖြစ်နေသင့်တယ်လေ ။ ပရိသတ်တွေ အားလုံး ပွဲစဥ်ကို ပျော်ရွှင် ခံစားရင်း ကျွန်တော်တို့ကို တက်ကြွမှု ပေးဆောင်ခဲ့ကြ ပါတယ် ”

” သူတို့ရဲ့ အားပေးမှုတွေနဲ့ ထိုက်တန်တဲ့ အရည်အသွေး တွေကို ကျွန်တော်တို့ ပြသနိုင်ခဲ့ကြ ပါတယ် ။ လက်ကျန် ရာသီမှာလည်း ခွန်အား အပြည့်နဲ့ ကစားရင်း သူတို့တွေ ပျော်ရွှင်စေဖို့ မျှော်လင့်မိ ပါတယ် ” လို့ မက် တော်မီနေး က ပြောကြား သွားခဲ့လိုက် ပါတယ် ။

Credit










Credit