Sports

အာဆင်နယ်ပရိတ်သတ်တွေ ဝေဖန်မှုပြစ်တင်မှုဟာ အသင်းကို အားပေးရာမရောက်ပဲ တွင်းအောက်ကို တွန့်ပို့နေကြောင်း အာတီတာပြောဆို…

အာဆင်နယ်ပရိတ်သတ်တွေ ဝေဖန်မှုပြစ်တင်မှုဟာ အသင်းကို အားပေးရာမရောက်ပဲ တွင်းအောက်ကို တွန့်ပို့နေကြောင်း အာတီတာပြောဆို…

နည်းပြကြီး အာတီတာအနေနဲ့ တန်းတတ် အသင်းကို ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီးမှာတော့ အမာခံအာဆင်နယ် ပရိတ်သတ်တွေ ရဲ့ ဝေဖန်မှုတွေ အပြစ်တင်မှုတွေကို စိတ်ပျက်မိကြောင်းပြောဆိုခဲ့ပါတယ်။သူ့အနေနဲ့ ပရိတ်သတ်တွေ ရဲ့ ဝေဖန်ပြောဆိုမှုဟာ အာဆင်နယ်အသင်းကို အားပေးရာမရောက်ပဲ အသင်းအားဖိအားပေးရာရောက်နေကြောင်း တွင်းအောက်ကို တွန့်ပို့နေကြောင်း သာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အာတီတာကတော့ ဝေဖန်မှုတွေပြန်လည်း ခုခံပြောဆိုမှု ပြုခဲ့ပါတယ် ပွဲစဥ် အစမှာ ရှုံးနိမ့်ခဲ့တာပါ ပရီးယားလိဂ်မှာ ကျွန်တော်တို့ တစ်ပွဲပဲကစားရတာမဟုတ်ဘူး ရာသီကုန်ထိ ကစားရတာပါ ပြိုင်ပွဲတွေအားလုံး ယှဥ်ပြိုင်ရအုံးမယ် ဒီဝေဖန်မှုတွေအပြစ်တင်မှုတွေကို နားလည်ခံပါတယ် ပြောဆိုပါတယ်။

ခုကျွန်တော်လုပ်စရာတွေများကြီးရှိပါတယ် အသင်းကို ခိုင်မာအောင် တည်ဆောက်ဖို့ နဲ့ အင်အားသစ်တွေလည်း ရှိနေပါပြီ လောလော ဆယ် ကျွန်တော် အာရုံစိုက်ရမှာ ချယ်ဆီးကို အနိုင်ရဖို့ပါပဲ..အနိုင်ယူမှာပါ ဘာလိုလည်းဆိုတော့ ကျွန်တော်မှာ နည်းလမ်းတွေရှိလို့ပါပဲ အရင်ကလည်း နိုင်ခဲ့တဲ့ သမိုင်းရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အာတီတာတစ်ယောက် ချယ်ဆီးကို အပြည့်အဝ ဖုတ်လိုက်မလား ဒါမှမဟုတ် အဖုတ်ခံရမလား
ဆိုတာ စောင့်မျှော်ကြည့်ရှုရမယ့် ပွဲကောင်းတစ်ပွဲပါပဲ…ပရိတ်သတ်တွေ ဝေဖန်မှုတွေ အောက်မှာ ထပ်မံ မရောက်စေဖို့ နည်းပြကြီး အားကုန်ထုတ်မဲ့ ပွဲစဥ်ကို ကြည့်ရှုကြဖို့ အာဆင်နယ်ပရိတ်သတ်တွေ စောင့်ဆိုင်းနေပါတယ်။