Local News

မဝေးတောတဲ့ အချိန်တခုမှာ နိုငံတကာရာဇဝတ်ခုံရုံး သို့တက်ရောက်ပြီးတရားရင်ဆိုင်ရတော့မည့်…see more

မဝေးတောတဲ့ အချိန်တခုမှာ နိုငံတကာရာဇဝတ်ခုံရုံး သို့တက်ရောက်ပြီးတရားရင်ဆိုင်ရတော့မည့်…see more

ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပြည်နယ်များမှ တိုင်းရင်းသားများအပေါ် လူ မျိုး တု န်း သ တ်ဖြ တ်ခြင်းအပါအဝင် ကြီးမား​သော စစ်ရာဇဝ တ်မှုများ ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင် တရားခံ မင်းအောင်လှိုင်နှင့်

စစ်အုပ်စု တရားရင်ဆိုင်ရမည့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၏ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG ၏ ယာယီ သမ္မတ ဒူဝါလရှီးလ က တရားရုံးထံ သဘောတူ လက်ခံလွှာ တရားဝင်တင်သွင်းလိုက်ကြောင်း သိရှိရသည်။

၂၀၀၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ ခုံရုံး၏ တရားစီရင်ပိုင်ခွင့်အား လက်ခံကြောင်း ကြေညာချက်ကို ICC တရားရုံး၏ မှတ်ပုံတင်အရာရှိထံ တင်သွင်းလိုက်ကြောင်း၊

အဆိုပါ ကြေညာချက်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ပုဒ်မ ၁၂ (၃) နှင့်အညီ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း NUG အစိုးရ၏ ယနေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းသို့တင်သွင်းခြင်းက ရောမစာချုပ်တွင် သဘောတူလက်မှတ် ရေးထိုးမထားသော နိုင်ငံကို ခုံရုံး၏ တရားစီရင်ပိုင်ခွင့်ကျင့်သုံးခြင်းကို သဘောတူ လက်ခံစေနိုင်ကြောင်း၊ ယာယီသမ္မတက သဘောတူလက်ခံကြောင်း ကြေညာချက်ကို ဇူလိုင်လ ၁၇ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် တင်သွင်းလွှဲပြောင်းပေးလိုက်ကြောင်း သိရှိရသည်။

NUG အစိုးရအနေဖြင့် စစ်တပ်က ကျူးလွန်ဆဲဖြစ်သော ရက်စက်ယုတ်မာသည့် ရာဇဝတ်မှုများကို ဆက်လက် ၍ သတိပြု မိသည့်အပြင် အတိတ်တွင် ကျူးလွန်သော

ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

Source Khit Thit Media