Sports

ချဲလ်ဆီး ၊ မန်စီးတီး နဲ့ ပွဲမတိုင်မှီမှာ အာဆင်နယ် နည်းပြ အာတီတာကို သတိပေး စကားဆိုလိုက်တဲ့ ဂလင်းဂျွန်ဆင်….

အာဆင်နယ် အသင်း အနေနဲ့ ဥရောပ ချန်ပီယံ ချဲလ်ဆီး ၊ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းတို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်တာကြောင့် အာတီတာ အနေနဲ့ နည်းပြ ရာထူး ကနေ ထုတ်ပယ် ခံရနိုင်ကြောင်း ဂလင်းဂျွန်ဆင် က သတိပေး စကားဆိုလိုက်ပါတယ် ။

ဂလင်းဂျွန်ဆင် က အာဆင်နယ် အသင်းသာ ဒီရာသီအစမှာ ရလဒ်တွေ ဆက်တိုက် ဆိုးရွား နေပါက နည်းပြ အာတီတာ ကို ဘုတ်အဖွဲ့က ဆက်လက် ထောက်ခံ နေမှာ မဟုတ်ဘဲ ထုတ်ပယ် လိုက်မှာ ဖြစ်ကြောင်း သုံးသပ် ပြောကြား သွားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နဲ့သာ ရပ်တည် ပိတ်သိမ်း ခဲ့ပြီး ဒီရာသီ အဖွင့်ပွဲမှာလည်း တန်းတက် ဘရန့်ဖိုဒ့် အသင်းကို နှစ်ဂိုးပြတ် ရှုံးပွဲ ကြုံ တွေ့ သွား ခဲ့ ရ ပါ တယ် ။

ဂျွန်ဆင် က SBK Sportsbook မှာ ” ဘာအကြောင်းအရင်းကြောင့်ပဲ ဖြစ်ဖြစ် အာဆင်နယ် အသင်း က ဒီရာသီမှာ သူတို့ ကလပ် အသင်းရဲ့ အဆင့်အတန်း နဲ့ မိုင်ပေါင်း များစွာ ကွာဝေး နေပြီပဲ ဆိုရမှာပါ ။ ”

” အခု အချိန်မှာ အာဆင်နယ် နဲ့ ထိပ်ဆုံး လေးသင်းကြားက ကွာဟမှု က အတော်လေး ကြီးသထက် ကြီးလာနေပါပြီ ၊ အာဆင်နယ် အသင်းက ဒီရာသီမှာ အဆင့် ၇ ၈ ရဖို့ကိုတောင် မနည်းကြီး ကြိုးစား လုပ်ဆောင် ရမှာပါ ။ ”

” အာဆင်နယ် အတွက် ကြီးမားတဲ့ ဖိအားတွေ ပိုပို ရောက်လာဖို့ပဲ ရှိပါတယ် ၊ အာတီတာ ထုတ်ပယ် ခံရတာကို ကျနော် မမြင်ချင်ပါဘူး ၊ သူ့လက်ထက်မှာ ကောင်းလာတာကိုပဲ မြင်ချင်ပါတယ် ၊ အာဆင်နယ် အသင်း အရင်က ကစားခဲ့တဲ့ လှပတဲ့ ကစားဟန် နဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ်ပဲ မြင်ချင်ပါတယ် ။ ”

” ဒါပေမယ့် ရာသီအစမှာသာ ရလဒ် ဆိုးရွားရင် ပရိသတ်တွေ ရဲ့ ဖိအား ပေးမှုကြောင့် အာဆင်နယ် အသင်းက အာတီတာ ကို ထုတ်ပယ်မှာပါ ၊ ပရိသတ်တွေရဲ့ ဖိအားကို လစ်လျူရှုမယ်တော့ မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Credit – SM