Sports

ခေတ်သစ်ဂိုးသွင်းစက် ကစားသမား အမည်ကို ပြောပြလိုက်တဲ့ အီယန်ရိုက်….

အာဆင်နယ် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ အီယန်ရိုက် က ယူနိုက်တက် ကြယ်ပွင့် မေဆွန် ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ် ဂိုးသွင်းစက် ဖြစ်ခဲ့ကြတဲ့ ကစားသမားတွေရဲ့ သွင်းဂိုး မှတ်တမ်းကို ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ယုံကြည််ကြောင်း ပြောခဲ့လိုက် ပါတယ် ။

အသက် 20 ပြည့်ဖို့ နီးစပ်နေပြီ ဖြစ်တဲ့ တိုက်စစ်မှူးလေး မေဆွန် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ တစ်ပါတ်က ယူနိုက်တက်တို့ လိဒ်စ် ယူနိုက်တက် အသင်းကို 5 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာ တိုက်စစ်မှူး နေရာ ပွဲထွက် ကစားခွင့်ရရှိခဲ့ပြီး ကိုယ်တိုင် သွင်းဂိုးတစ်ဂိုးလည်း သွင်းယူပေးထား နိုင်ခဲ့ ပါတယ် ။

ဒီပွဲမှာတော့ သူ့ရဲ့ကွင်းအတွင်းစွမ်းဆောင်ရည်ကလည်း အတော်လေး ကောင်းမွန်ခဲ့သလို သွင်းဂိုးကလည်း တိကျ သေသပ်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ဂရင်းဝုဒ်ဟာ ပွဲစဥ် အပြီးမှာ သုံးဂိုး သွင်းခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ၊ လေးဂိုး ဖန်တီးခဲ့တဲ့ ပေါလ် ပေါ့ဂ်ဘာတို့ နည်းတူ ချီးကျူးမှုတွေ ရရှိခဲ့သူ ဖြစ်ခဲ့ရ ပါတယ် ။

အခုတော့ အဆိုပါသွင်းဂိုးက ဂရင်းဝုဒ် အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် သွင်းယူပေးခဲ့တဲ့ 30 မြောက် သွင်းဂိုး ဖြစ်သွားခဲ့ရပါပြီ ။ အဆိုပါ သွင်းဂိုး 30 ထဲမှာတော့ ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဂ် သွင်းဂိုး 18 ဂိုး အထိ ပါဝင်နေခဲ့ပါတယ် ။ ဒါဟာ အသက်20 မပြည့်သေးတဲ့ ကစားသမားတစ်ဦးရဲ့ ကောင်းမွန်တဲ့ ကိန်းဂဏန်းတွေပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းဖြစ်သူ အီယန်ရိုက်က ယူနိုက်တက်ကြယ်ပွင့် တိုက််စစ်မှူးလေးဟာ အတိတ်မှာ ခမ်းနားခဲ့တဲ့ ကစားသမားတွေရဲ့ မှတ်တမ်းကောင်းကို ကျော်ဖြတ်နိုင်မယ့်သူသာ ဖြစ််ကြောင်း ချီးကျူးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” မေဆွန် (ဂရင်းဝုဒ်) မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ကစားပေးတာကို ကြည့်လိုက်တဲ့အခါ ကိန်းဂဏန််းတွေက အံ့ဖွယ်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် ။ ဂိုးသွင််း အများဆုံး ကစားသမား စာရင်းကို ခင်ဗျားတို့ ကြည့်ရှုလိုက်တဲ့အခါ သူတို့တွေက အံ့ဖွယ်ဖြစ်နေကြပါ လိမ့်မယ်

” မေဆွန် ဂရင်းဝုဒ်နဲ့ သူတို့တွေကို နှိုင်းယှဥ် ကြည့်လိုက်တဲ့ အခါမှာတော့ လူငယ် ကစားသမား ဘဝက ခြားနားမှု ဖြစ်နေပါလိမ့်မယ် ။ မေဆွန် ဂရင်းဝုဒ်ဟာ လူငယ် ဘဝထဲက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေခဲ့ရတဲ့ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား တစ်ဦးပဲ ဖြစ််ပါတယ်

” သူဟာ စွမ်းဆောင်ရည်တွေကို ပြသရင်း ကိန်းဂဏန်းကောင်းတွေကို ပိုင်ဆိုင်နေသူ တစ်ဦးပါ ။ အကယ်လို့ သူဟာ ဒီလိုပဲ ဆက်လုပ်နိုင်လိမ့်မယ်ဆိုတဲ့ အရိပ်လက္ခဏာ တွေကို ပြသနေပြီဆိုရင် ကစားသမားဘဝရဲ့ အဆုံးသတ် ကိန်းဂဏန်း တွေက ကြောက်မက်ဖွယ် ကောင်းနေပါလိမ့်မယ် ။ အခုတောင် သူ အများကြီး လုပ်ပြခဲ့ပြီးပြီလေ ”

” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ဖိအားတွေ အများကြီး နဲ့ ရောက်လာခဲ့သူပါ ။ မန်ချက်စတာ ယူနိုက်တက် အသင်းအပေါ် စိတ်ဝင်စားမှုတွေမြင့်တက်လာချိန်မှာ သူဟာထွက်ပေါ်လာခဲ့သူပါ ။ ဒါ့ကြောင့် သူဟာ အဲ့တာ (ဖိအား) တွေကို ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစားနေရခဲ့ပုံပါပဲ ”

” အခုတော့ သူဟာ အဆင်သင့် ဖြစ်နေတဲ့ ပုံစံမျိုးပေါက်နေပါပြီ ။ သူဟာ အချိန် အကြာကြီး ယူမှာမဟုတ်ပဲ အတိတ််က ကစားသမားတွေရဲ့ မှတ်တမ်း ၊ ကိန်းဂဏန်းတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်တော် ခံစားနေရပါတယ်် ” လို့ အီယန်ရိုက် က သူ့ရဲ့ အမြင်ကို ပြောပြ သွားခဲ့လိုက်ပါတယ် ။

Credit – SM