Celebrity

နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး ကိုဗစ်‌ရောဂါဖြင့် ရုတ်တရက်ကွယ်လွန်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းရဲ့ ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးကတော့ ဒီနေ့မှာ ကိုဗစ်ရောဂါနဲ့ ရုတ်တရတ်ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ နန်းမြတ်ကော သူရဲ့ ခင်ပွန်းဖြစ်သူကောက ကိုဗစ်ကူးစက်ခံထားရကြောင်း နန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က မျှဝေခဲ့ပါသေးတယ်။

နန်းမြတ်တို့ မိသားစုကိုချစ်ခင်ပြီး အားပေးကြတဲ့ ပရိသတ်တွေတောင် ပြန်လည်ကျန်းမာလာစေဖို့ ဆုမွန်ကောင်းတွေဝိုင်းဝန်းဆုမွန်ကောင်းတောင်းပေးနေကြပါသေးတယ်။ သို့ပေမဲ့လည်း ဒီနေ့မှာတော့ နန်းမြတ်ရဲ့ ခင်ပွန်းဖြစ်သူကတော့ သူချစ်ရတဲ့ မိသားစုတွေကို ထာဝရခွဲခွာနှုတ်ဆက်ကာ ဘဝတစ်ပါးကို ကူးပြောင်းသွားပါတယ်။ နန်းမြတ်နဲ့ ညီအစ်မလို ချစ်ခင်ရတဲ့ မင်းသမီး သဉ္ဇာနွယ်ဝင်းကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းဖြစ်ကြောင်း ဖော်ပြထားခဲ့ပါသေးတယ်။

ကျန်တဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေရော ပရိသတ်တွေကပါ နန်းမြတ်ခင်ပွန်းရဲ့ စိတ်မကောင်းစရာသတင်းလေးကြောင့် ထပ်တူစိတ်မကောင်းဖြစ်ကြောင်းနဲ့ နန်းမြတ်ကိုလည်း အားမငယ်ဖို့ အားပေးနေခဲ့ကြပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေကိုလည်း နန်းမြတ်ရဲ့ ခင်ပွန်းဆုံးပါးသွားတဲ့ ဒီသတင်းလေးကို စိတ်မကောင်းစွာနဲ့ပဲ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

CRD – CeleZone