Sports

မန်ချက်စတာ ယူနိုက်တက် မပါတဲ့ ဟက်စကီးရဲ့ ပရီးမီးယားလိဂ် Top 4 ခန့်မှန်းချက်

လီဗာပူးနဲ့ လက်စတာ တိုက်စစ်သမားဟောင်းကြီး ဟက်စကီးကတော့ ဒီရာသီကုန် ပရီးမီးယားလိဂ် အဆင့် ၄ အတွင်း ဘယ်အသင်းတွေ ဝင်မလဲ ဆိုတာကို သုံးသပ် ခန့်မန်းမှု ပြုလုပ်သွားပါတယ်။ ဟက်စကီးက မန်စီးတီးကိုတော့ ချန်ပီယံဘွဲ့ ဆက်ထိန်းသွားမယ်လို့ မျှော်လင့်ထားပါတယ်။

စီးတီးနဲ့ အပြိုင် ဆုဖလား စိန်ခေါ်နိုင်ကြမှာပါ ချယ်ဆီးနဲ့ လီဗာပူး ဖြစ်မယ် လို့လည်း ၎င်းက ယူဆထားပြီး အဆင့် ၄ နေရာကိုတော့ လက်စတာနဲ့ ယူနိုက်တက်တို့ အပြိုင်လုကြမှာလို့ ဟက်စကီးက ထင်ထားပါတယ်။

” ကျနော့် အတွက်တော့ ဒီနှစ်လည်း မန်စီးတီးပဲ ချန်ပီယံ ဖြစ်သွားဦးမယ် ထင်တယ်။ စပါးနဲ့ ပွဲပြီးတာတောင် မန်စီးတီးက ဘယ်လို အင်အားမျိုးရှိတယ်၊ ဘာတွေ ရယူနိုင်တယ် ဆိုတာက သိမြင်နေတုန်းပဲ။ အထနှေးတတ်တဲ့ သူတွေက တကယ်ကောင်းပြီဆိုရင် ရပ်တန့်လို့ မရနိုင်လောက်အောင်ပဲလေ။

လီဗာပူးကတော့ အရှိန်ကောင်း ယူနေ ရနေတယ်။ သူတို့လည်း ဆုဖလားအတွက် ရလုနီးပါး အနေအထား ရှိဦးမှာပါ။ သူတို့ အပြင် ချယ်ဆီးကလည်း ရှိသေးတယ်။ မြင်း ၃ ကောင်း ပြေးပွဲလို ကြည့်ကောင်းဦးမှာပါ။ ဒါကတော့ ကျနော့် အမြင်တွေပေါ့။ ” လို့ ဟက်စကီးက ပြောဆိုခဲ့ပါတယ်။

တစ်သင်းကျန်သေးတာကြောင့် အဆင့် ၄ အတွင်း ဘယ်အသင်း ရောက်လာနိုင်သေးလဲ မေးမြန်း ခံရရာမှာတော့ ဟက်စကီးက – ” လက်စတာပေါ့။ ယူနိုက်တက်ကလည်း အဆင့် ၄ အတွင်း ဝင်နိုင် ရောက်နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမယ့် လက်စတာက ဒါတွေကို ကျော်ဖြတ်ချင်နေမှာပါ။ သူတို့ လုပ်နိုင်ဖို့လည်း ကျနော် မျှော်လင့်တယ်။ ခင်ဗျားတို့ ဆိုရင်တော့ ယူနိုက်တက်ပဲ ရမှာ ပြောချင် ပြောကြမှာပေါ့ဗျာ။ ” လို့ တုန့်ပြန် ဖြည့်စွက်ခဲ့ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတော့ စပါးကို ရှုံးနိမ့်ထားပါတယ်။ ချယ်ဆီး၊ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကတော့ ဂိုးပြတ်တွေနဲ့ နိုင်ထားခဲ့ကြတာပါ။

Credit