Local News

ကချင်ပြည်နယ်မှာ ၂၀ရက်နေ့ ညကစပြီး အင်တာနက်ဖြတ်တောက်လိုက်ပြီ…

ကချင်ပြည်နယ်မှာ ၂၀ရက်နေ့ ညကစပြီး အင်တာနက်ဖြတ်တောက်လိုက်ပြီ…

ဆက်သွယ်ရေးတာဝါတိုင် ၅၀ ကျော်ကနေ အင်တာနက်ကွန်ယက်တွေကို ပိတ်ပစ်လိုက်ဖို့ အကြမ်းဖက်စစ်အုပ်စုက ဒီနေ့ည ၈ နာရီမှာ ညွှန်ကြားခဲ့တယ်လို့ တယ်လီနောဝန်ထမ်းတဦးကဆိုကြောင်းသိရပါတယ်။

အဲဒီလို ဖြတ်ဖို့ ညွှန်ကြားတဲ့ အထဲမှာ မိုဘိုင်းအင်တာနက် ၊ ဖိုက်ဘာအင်တာနက် နဲ့ Broadband တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီလို ညွန်ကြားပြီး ဒီည ၁၀ နာရီကျော်က စတင်ပြီး အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတယ်လို့ ကချင်ပြည်နယ် ဖားကန့်ဒေသခံတွေက ပြောပါဘယ်။

အင်တာနက်တွေတင် မက ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားတယ်လို့လည်း သိရပါတယ်။ ပိတ်စေ ချင်ရင် သူတို့က စာမထုတ်ပဲ

ဖုန်းဆက်ပြီး ပိတ်ခိုင်းတာတွေရှိတယ် ၊ နောက် နှစ်နာရီအတွင်းပိတ်ပါတို့ ၊ ၁၂ နာရီကျော်ရင် ပိတ်ပါတို့ အဲဒီလို ညွှန်ကြားတတ်တာမျိုးလည်းရှိတယ် လို့ အဆိုပါဝန်ထမ်းကပြောပါတယ်။

အခုလို ကချင်ပြည်နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ဖို့ ပြင်ဆင်နေရာမှာ တယ်လီနော အော်ပရေတာ တခုထဲတင်မက တခြားအော်ပရေတာတွေကိုလည်း ညွှန်ကြားနိုင်တယ်လို့ မှတ်ချက်ပြုပါသေးတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ပြီးခဲ့တဲ့ အစိုးရကာလအတွင်းမှာလည်း ရခိုင်ပြည်နယ်ကို စစ်ရေးအရ ထိုးစစ်ဆင်နေချိန်မှာ အင်တာနက်ကို ကာလကြာရှည်ဖြတ်တောက်ပစ်တာမျိုး လုပ်ခဲ့ဖူးပါတယ် ။

Source Deta news angency