Sports

မန်ယူက ဟာလန်းနဲ့ အမ်ဘာပေကို ခေါ်ယူနိုင်မလား

ဒီနှစ် ဘောလုံးရာသီရဲ့ အပြောင်းအရွှေ့ကာလက မပြီးသေးပါဘူး။ ဒါပေမယ့် နောက်နှစ် ၂၀၂၂ နွေရာသီမှာ ဖြစ်လာမယ့် အပြောင်းအရွှေ့တွေအတွက် ကြိုပြောနေတာတွေပါ ရှိနေပါပြီ။ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲ ဝင်လာပြီဖြစ်သလို ၂၀၂၂ မှာ ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၈ သန်းနဲ့ ခေါ်ယူဖို့အတွက် အသင်းတွေကလည်း တန်းစီနေပါတယ်။ မန်ယူက ဒီကစားသမား နှစ်ဦးစလုံးကို ချိန်ရွယ်နေပါတယ်။

မန်ယူက ပီအက်စ်ဂျီက အမ်ဘာပေကိုလည်း လာမယ့်နှစ် ဘောလုံးရာသီမှာ ခေါ်ချင်တယ်လို့ အီးအက်စ်ပီအန် သတင်းဌာနက ဖော်ပြနေပါတယ်။ အမ်ဘာပေက ရီးရဲမက်ဒရစ်ကို ပြောင်းမယ်လို့ ရေပန်းစားနေပြီး လက်ရှိအပြောင်းအရွှေ့ကာလ မကုန်မီမှာပဲ ပီအက်စ်ဂျီကနေ ပြင်သစ်တိုက်စစ်မှူးကို အရခေါ်မယ်လို့ စပိန်သတင်းစာ မာကာနဲ့ အေအက်စ်တို့က ဖော်ပြပါတယ်။

လီဗာပူးက အမ်ဘာပေကို ခေါ်ယူရေး ချိတ်ဆက်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်မယ့် ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူရေး မန်ယူကလည်း စတင်လှုပ်ရှားလာပါပြီ။ လာမယ့်နှစ် နွေရာသီအပြောင်းအရွှေ့မှာ ဟာလန်းကို ဒေါ့မွန်က ခေါ်ယူရေးအတွက် မန်ယူက အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့ ပြင်သစ်ဂျာနယ်လစ် လော်ရန်းစ်က ဖော်ပြပါတယ်။

ဟာလန်းကို မန်ယူအပြင် ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေပါတယ်။

Credit – InarrSports