Celebrity

စားဝတ်နေရေး အခက်အခဲကြုံတွေ့နေတဲ့ ဦးရွှေအိုးအတွက် တတ်နိုင်သလောက် လှူဒါန်းပေးလိုက်တဲ့ ဘေဘီမောင် နဲ့ လူရွှင်တော် မိုးစက်

ပရိသတ်ကြီးရေ ပရိသတ်တွေကို ဟာဒယရွှင်ဆေးတွေကြိုက်ကျွေးပြီ ပျော်ရွှင်မှုတွေဖန်တီးပေးခဲ့တဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဝါရင့် ဟာသလူရွှင်တော်ကြီး ဦးရွှေအိုးကိုတော့ ပရိသတ်တွေ မှတ်မိနေဦးမယ်ထင်ပါတယ်။ပရိသတ်အချစ်တော် ဦးရွှေအိုးကတော့ လတ်တလောကာလမှာ စားဝတ်နေရေးအခက်အခဲတွေကိုကြုံတွေ့နေခဲ့ရပါတယ်။

အနုပညာအလုပ်တွေကို ဘဝတစ်လျှောက်လုံးလုပ်ကိုင်ခဲ့တဲ့ ဦးရွှေအိုးက လတ်တလောအနုပညာအလုပ်တွေရပ်နားထားရချိန်မှာတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရတာပဲဖြစ်ပါတယ်။ အခုလို စားဝတ်နေရေးအခက်အခဲနဲ့ကြုံတွေ့နေရတဲ့ ဦးရွှေအိုးအတွက် ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးချောလေး ဘေဘီမောင်ကတော့ သူတတ်နိုင်သလောက် ကူညီတဲ့အနေနဲ့ (၁)သိန်းကျပ်ကို လှူဒါန်းပေးခဲ့ပါတယ်။

လူရွှင်တော်မိုးစက်ကလည်း သူ့ရဲ့ဆရာဖြစ်ခဲ့တဲ့ ဦးရွှေအိုးအတွက် သူတတ်နိုင်သလောက် (၅)သောင်းာကျပ်ကို ဦးရွှေအိုးရဲ့အိမ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ဘေဘီမောင်နဲ့ လူရွှင်တော်မိုးစက်တို့ရဲ့ အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Baby Maung

Credit – CeleZone