Sports

ဂျိမ်းစ်ပါတဲ့ ပွဲတိုင်းမှာ အရှုံးဆိုတာ မသိခဲ့တဲ့ မန်ယူအသင်း

ဒန်ဂျိမ်းစ်ဟာ လိဒ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာယူနိုက်တက်အတွက် ပွဲထွက်ကစားသမားအနေနဲ့ ပါဝင်ခဲ့ပါတယ်။မားကတ်ရက်ဖို့ဒ် ဒဏ်ရာရနေပြီး အန်သိုနီ မာရှယ် ၊ အက်ဒီဆင် ကာဗာနီ ၊ဂျေဒန် ဆန်ချို နှင့် အာမက်တို့ ကြံံ့ခိုင်မှုမပြည့်ဝသေးချိန်မှာ ဂျိးစ်ကအဓိက ကစားသမားတစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။ဂျိမ်းစ်က ကန်သွင်းမှု ( ၃ ) ကြိမ်မှာ ( ၁ )
ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပေမယ့်သူ့ရဲ့ လှုပ်အားနှုန်းက အဆိုပါ ပွဲစဉ်မှာ ယူနိုက်တက်အတွက်အရေးပါခဲ့ပါတယ်။

FBRef အရ ဂျိမ်းစ်က tackles ( ၃ ) ကြိမ် ပြုလုပ်ခဲ့ပြီး ယူနိုက်တက်ကစား သမားတွေထဲမှာအများဆုံးဖြစ်ပါတယ်။ နောက်ပြီး ယူနိုက်ကတ်ဟာ ဒန်ဂျိမ်စ်းက ပွဲထွက်ကစား သမား( သို့ ) လူစားဝင်ကစားသမားအနေနဲ့ ပါဝင်ခဲ့တဲ့ ပွဲစဉ်တွေမှာ မှတ်တမ်းကောင်းပိုင်ဆိုင် ထားတာတွေ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာအဆုံးအဖြတ်ပင်နယ်တီရလာဒ်မပါပဲ ပြီးခဲ့တဲ့ရာသီ ခရစ္စတယ်ပဲလေ့နဲ့ပထဆုံးနေ့ကစပြီး ဒန်ဂျိမ်စ်း ကစားတဲ့ ပွဲစဉ်တွေအားလုံးမှာ ရှုံးနိမ့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ဒီထဲမှာ ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ် ပွဲစဉ် ( ၉ ) ပွဲ ၊ပြည်တွင်းဖလား ( ၂ ) ပွဲ နှင့် ပရီးမီးယားလိဂ် ( ၁၅ ) ပွဲ ပါဝင်ပါတယ်။ဒါကြောင့် ယူနိုက်တက်ဟာ ဂျိမ်းကစားတဲ့ ( ၂၆ ) ပွဲဆက် ရှုံးပွဲမရှိသေးတာဖြစ်ပါတယ်။အဆိုပါ မှတ်တမ်းကြောင့် အိုလေ
ဂန်းနား ဆိုးရှာက သူ့ကို ပွဲထွက်ကသားသမားအနေနဲ့အသုံးပြုဖို့ တွန့်ဆုတ်ခြင်းမရှိတာဖြစ်နိုင်ပါတယ်။

တောင်ပံကစားသမားကတစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းမှာ အားနည်းမှုရှိနိုင်ပေမယ့် သူပါဝင်ချိန်မှာယူနိုက်တက်က အသင်းလိုက်ကစားပုံ ပိုမိုတိုးတက်လာဖွယ်ရှိပါတယ်။

ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားသည် ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်၏ အမူအကျင့်နှင့် အသင်းကစားကွက်တွင် နေရာစုံလှည့်သုံးနိုင်ခြင်းကိုသဘောကျလျက်ရှိနေသည်။ အထူးသဖြင့် ၎င်း၏အမြန်နှုန်းမှာ အခြားသောကစားသမားများထက်ထူးခြားသာလွန်လျက်ရှိနေသောကြောင့် နည်းပြဆိုးရှားအတွက်တစ်နည်းတစ်ဖုံ အားထားရွေးချယ်စရာတစ်ခုအဖြစ် ရှိနေသည်။

ယခုအပြောင်းအရွှေ့အစောပိုင်းကာလ၌ လက်စတာအသင်းမှ ဒန်နီရယ်ဂျိမ်းစ်အတွက်စျေးစုံစမ်းသည့်သဘောမျိုးပြုလုပ်ခဲ့သေးသည်။ ဒန်နီရယ်လ်ဂျိမ်းစ်သည် အသင်းအတွက်အရေးပါသော အပြောင်းအရွှေ့ဖြစ်လာမည်ဟု လက်စတာမှယူဆခဲ့ပြီး၊ ကစားသမား၏နေရာစုံကစားနိုင်မှုကို လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာကလည်း သဘောကျလျက်ရှိသည်ဒန်နီဂျိမ်းစ်နှင့်အရင်ကလက်တွဲဖူးသော ဘရိုက်တန်နည်းပြဂရေဟမ်ပေါ်တာမှလည်း ၎င်းအားစောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့သည်။

၎င်းအားခေါ်ယူဖို့စိတ်ဝင်စားမှုတွေအများကြီးရှိနေပေမယ့် မန်ချက်စတာယူနိုက်တက်ကနေထွက်ခွါခွင့်ပေးမှာမဟုတ်ကြောင်း အိုလေးမှဂျိမ်းစ်အား လွန်ခဲ့သော ရက်သတ္တပတ်နှစ်ပတ်ခန့်က အသိပေးပြောကြားထားခဲ့ပြီးဖြစ်သည်။ ယခုရာသီအသင်း၏အစီအစဉ်များ၌ ၎င်းအတွက်အခွင့်အရေးများအများကြီးရှိမည်ဟု အိုလေးမှအသိပေးထားပြီးလည်းဖြစ်သည်။ လိဒ်စ်နှင့်ပွဲတွင် ဂျိမ်းစ်ကိုဆန်ချိုအစားပွဲထွက်စေခဲ့ခြင်းမှာ ပရိသတ်များအတွင်အံ့အားသင့်စေခဲ့သော်လဲ၊ ယူနိုက်တက်အတွင်းလူများက ဂျိမ်းစ်အားအခွင့်အရေးများပေးလိမ့်မည်ဖြစ်ကြောင်း ခန့်မှန်းထားပြီးသားဖြစ်သည်။

ဂျိမ်းစ်ကိုယ်တိုင်ကလည််း လာမည့်ဆောက်ဟမ်တန်နှင့်ပွဲတွင် ဆက်ပြီးပွဲထွက်ခွင့်ရရန်အတွက် ၊ဂျေဒန်ဆန်ချိုနှင့်အပြိုင်ယှဉ်ပြိုင်သွားရန်ဆန္ဒရှိလျက်ရှိနေဆဲဖြစ်သည်။

ခရက်ဒစ်