Sports

ယူနိုက်တက် လူစာရင်း ခန့်မှန်းနဲ့ သုံးသပ်ချက် များ…

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဒ် ဒုတိယအပတ် အဝေးကွင်းပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ရင်ဆိုင်ရမှာဘဲ ဖြစ်ပါတယ်။ စိတ်ဓာတ်နဲ့ ခြေစွမ်း အမြင့်ဆုံးမှာ ရှိနေတဲ့ ယူနိုက်တက်အဖို့ နိုင်ပွဲကို ခေါ်ဆောင်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဘဲ ဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ လိဒ်ယူနိုက်တက်အသင်းကို 5ဂိုး 1ဂိုးအနိူင်ရရှိပြီး အဲ့လူစာရင်းကို အပြောင်းအလဲ ပြုလုပ်ပြီး ဆောက်သမ်တန်ကို ရင်ဆိုင်မယ့် သဘောရှိပါတယ်။ ယူနိုက်တက်အသင်းနည်းပြ ဆိုးရှားလ်ကတော့ ဆန်ချိုကို ထည့်ကစားမယ့် သဘောလည်းရှိပါတယ်။

ယူနိုက်တက်အသုံးပြုလာနိုင်တဲ့ ခန့်မှန်းလူစာရင်းအရ တိုက်စစ်မှ အခုမှပြန်လာတဲ့ တိုက်စစ်မှူး ကာဗာနီကို အသုံးမပြုလောက်သေးပါဘူး။ အထောင်တိုက်စစ်မှူးကိုတော့ ဂရင်းဝုဒ်ကို ပွဲထုတ်လာနိုင်ပါတယ်။

ညာတောင်ပံကိုတော့ ပရိတ်သတ်တွေမျှော်လင့်နေတဲ့ ဆန်ချိုကို ပွဲဦးထွက် အသုံးပြုလာနိုင်ပါတယ်။ ဘယ်တောင်ပံမှာတော့ ကွင်းလယ်မှာပါ အင်အားဖြစ်အောင် ခြေစွမ်းတွေ ရှယ်ပြ ဖန်တီးမှုတွေ ရှယ်လုပ်ပေးနေတဲ့ ပေါ့ဘာကိုတော့ မထည့်မဖြစ် ထည့်မယ့် သဘောရှ်ိပါတယ်။

ကွင်းလယ်တိုက်စစ်မှာတော့ ကျွန်တော်တို့ရယ့် ဘရူနိုတစ်‌ယောက် ပါ၀င်လာမယ့်သဘောရှိပြီး ဆိုးရှားလ်တစ်ယောက် ဗန်ဒီဘစ်ကိုလည်း မေ့မထားသင့်တာကြောင့် တစ်ကြောင်း အသင်းသေးနဲ့ဖြစ်တာကြောင့် တစ်ကြောင်း ဗန်ဒီဘစ်ကိုလည်း အသုံးပြုကောင်းပြုနိုင်ပါတယ်။

ပေါ့ဘာပါ၀င်ခဲ့ရင် စိတ်ကြိုက် ကွင်းလယ်နဲ့ တောင်ပံမှာ ကစားလို့ရအောင် ဖရတ်နဲ့ တော်မီနေးကို ထည့်မယ့်သဘောရှိပြီး ခံစစ်မှာတော့ လုခ်ရှော၊ မက်ဂွိုင်းယား၊ လင်ဒီလော့ ဒါမှမဟုတ် ဗာရိန်း၊ ညာနောက်ခံလူအဖြစ်ကတော့ ဘစ်ဆာကာ ပါ၀င်လာနိုင်ပါတယ်။

အနိုင်သုံးမှတ်ကို ရအောင်ယူထားသင့်တာကြောင့် အတောင့်တင်းဆုံးလူစာရင်းကို ဆိုးရှားလ်အသုံးပြုလာနိုင်ပြီး ဆောက်သမ်တန်ကို ဘယ်လိုရလဒ်တွေနဲ့ အနိုင်ယူပြသွားမလဲ စောင့်ကြည့်သင့်တဲ့ ‌ပွဲကောင်းတစ်ပွဲဘဲဖြစ်ပါတယ်။

TSSoe

SportsGaber