Sports

ဖီနာဘာချီအသင်းနဲ့ သဘောတူညီမှု ရသွားပြီးဖြစ်တဲ့ ကိုလာစီနက်

အာဆင်နယ်အသင်း….

နောက်ခံလူ ကိုလာစီနက် အနေနဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းကြောင်း သတင်းများထွက်ပေါ်နေ ပါတယ်။

ကိုလာစီနက် ဟာ အာဆင်နယ်နဲ့ သတင်းတွေ ထွက်နေတဲ့အပြင် တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ သဘောတူညီမှု ရသွားပြီးဖြစ်တယ်လို့ တူရကီသတင်းဌာနတွေက ပြောဆိုထားပါတယ်။

အာဆင်နယ်အသင်းမှာနေရာမရှိတဲ့ ကိုလာစီနက်ကို ခေါ်ယူဖို့အတွက်  ဖီနာဘာချီအသင်းမှာ ရောက်ရှိနေတဲ့ သူငယ်ချင်း အိုဇေးက ခေါ်ယူဖို့ တိုက်တွန်း ကြောင်း သတင်းစကားတွေက ဆိုပါတယ်။

တူရကီကလပ် ဖီနာဘာချီအသင်းကတော့ ကိုလာစီနက် အတွက်  တစ်နှစ်လုပ်ခ ယူရို ၁.၈သန်းနီးပါးရရှိသွားမှာဖြစ်ကြောင်းသိရပါတယ်။

တူရကီကလပ် မှာ သူငယ်ချင်း အိုဇေးနဲ့ ပြန်လည်
ဆုံဆည်းရမလားဆိုတာ စောင့်ကြည့်ရမှာပါ…

လောလောလတ်လတ်ရက်ကပဲ အိုဇေးဟာ ၁၈လ အတွင်း ပထမဆုံး သွင်းဂိုး ရှိရခဲ့ပါတယ်..ဒီမာစပေါနဲ့ပွဲစဥ်မှာ သွင်းခဲ့တာဖြစ်ပြီ ဖီနာဘာချီအသင်းအတွက် တလုံးတည်းသောအနိုင်ဂိုးဖြစ်ခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber