Sports

သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ယူနိုက်တတ်နဲ့ ခေတ်သစ်ဂိုးသွင်းစက် မေဆွန် ဂရင်းဝုဒ်…

သရေ တစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ ယူနိုက်တတ်နဲ့ ခေတ်သစ်ဂိုးသွင်းစက် မေဆွန် ဂရင်းဝုဒ်…

ယူနိုက်တတ် ကစားသမား ဂရင်းဝုဒ်ဟာ ပရီးမီးယားလိဒ် ဂိုးသွင်းစက် ဂန္တဝင် မှတ်တမ်းတွေကို ကျော်ဖြတ်ပြနိုင်မယ့် ခေတ်သစ်ဂိုးသွင်းစက် ဖြစ်လာလိမ့်မလို့  အာဆင်နယ် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ အီယန်ရိုက် က ပြောယုံစွာပြောခဲ့ပါတယ်။ (လိဒ်စ်ယူနိုက် 5-1ရလဒ်ကပြောဆိုခဲ့တာဖြစ်ပါတယ်)

ဒီအပတ် ဆောက်သမ်တန် အိမ်ကွင်း ပွဲစဥ်မှာ ယူနိုက်တတ် ရှုံးနိမ့်နေတဲ့ ရလဒ်ကို ချေပဂိုး သွင်းယူနိုင်ခဲ့ပြီ သရေ တစ်မှတ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ် ဟာ အသက် ၂၀ သာ ရှိပါတယ် ပြီးတဲ့ပွဲ လိဒ်စ် ရလဒ်မှာ တိုက်မှူးနေရာက ပွဲထွက်ကစားခဲ့သလို ကိုယ်တိုင်လည်း သွင်းဂိုးရယူပေးခဲ့ပါတယ်။

ဂရင်းဝုဒ် အနေနဲ့ ယူနိုက်တတ် အသင်းအတွက် ယခု ဂိုးအပါဝင် ၃၁ ဂိုး ရရှိထားပါတယ်… ၃၁ ဂိုးထဲမှာတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၉ ဂိုးအထိ ပါဝင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ အီယန်ရိုက် ယုံကြည်စွာ ပြောခဲ့သလို ဂရင်းဝုဒ်ဟာ  ခေတ်သစ် ဂိုးသွင်းစက် ဖြစ်လာမလား…

ဆောက်သမ်တန် အိမ်ကွင်းပွဲစဥ်မှာတော ၁-၁ဆိုတဲ့ သရေ ရလဒ်နဲ့ ပရိတ်သတ် ကျေနပ်ခဲ့ရပါတယ်။

ဆောက်သမ်တန် 1 – 1ယူနိုက်တက်
ဖရက်ဒ် (Og) 30′                 ဂရင်းဝုဒ် 55′

Photo Credit To Owner
Internet Source
SportsGaber