Sports

အသက်ဝင်ဖို့ ရာနှုန်းမပြည့် ခဲ့တဲ့ – ဆိုးလ်ရှား

အသက်ဝင်ဖို့ ရာနှုန်းမပြည့် ခဲ့တဲ့ – ဆိုးလ်ရှား
ပျော်ရွှင်မှု တဝက်သာ ပေးစေခဲ့တဲ့ – ယူနိုက်တတ်….

မန်ချက်စတာ ယူနိုက်တတ် အသင်းဟာ အဖွင့်စဥ်မှာ လှပခဲ့သလောက် ဆောက်သမ်တန် နဲ့ အဝေးကွင်း ပွဲစဥ်မှာတော့ လူထုတ်ပုံ ဆိုးလ်ရှား နည်းဗျူးဟာက အသက်ဝင်ဖို့ ရာနှုန်းမပြည့် ဖြစ်ခဲ့ရပါတယ်။

ဆောက်သမ်တန် အသင်းကို သရေ ရလဒ်နဲ့သာ ယူနိုက်တတ် ပရိတ်သတ် ကို ပျော်ရွှင်မှု တဝက်သာ ပေးစေခဲ့ပါတယ်။

ယူနိုက်တတ် အသင်းအနေနဲ့ ပြိုင်ဘက် အသင်းရဲ့ ဘောလုံး ဖြတ်ထုတ် ရယူမှုတွေအောက်မှာ အခက်ကြုံတွေ့ခဲ့ရပါတယ်။

ပြိုင်ဘက်အသင်းရဲ့တိုက်သစ်မှူး ချီအဒမ်ဟာ မိန်စ်၃၀မှာပဲ ကန်သွင်းမှု လုပ်ခဲ့ပြီ ဘောလုံး နဲ့ ဖရက်ဒ်ထိသွားခဲ့တဲ့အတွက် (OG)ဖြစ်သွားခဲ့ပါတယ်။

ပွဲစဥ် ဒုတိယ ပိုင်းမှာတော့ ဂရင်းဝုဒ် က ယူနိုက်တတ် အသင်းအတွက် ၅၅မိန်စ်မှာ ချေပဂိုး သွင်းယူနိုင်ခဲ့တာပါ..ဂရင်းဝုဒ် အနေနဲ့ အဖွင့်စဥ်က လိဒ်စ်အသင်းနဲ့လည်း ၁ ဂိုးသွင်းထားပြီ ဆောက်သမ်တန် နဲ့ပွဲမှာ ဒုတိယ ဂိုး ထပ်မံရရှိခဲ့တာလည်းဖြစ်ပါတယ်၊ နောက်ပွဲစဥ်တွေမှာ ဂရင်းဝုဒ် တစ်ယောက် တိုက်စစ်မှုး နေရာမှာ ပါဝင်လာမလားစောင့်ကြည့်ရမှာပါ။ (လိဒ်စ်အသင်းနဲ့ပွဲမှာ တိုက်စစ်မှုး အနေနဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်)

ပျော်ရွှင်ပါမှု တဝက်သာ ပေးစေခဲ့တဲ့ ယူနိုက်တတ်

Photo Credit To Owner
Internet Source
SportsGaber