Local News

နေပြည်တော်ကောင်စီနယ်မြေ၌ လျှပ်စစ်ကားများပြေးဆွဲရန် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန်လျော့ပေးခြင်းဖြင့်….

နေပြည်တော်ကောင်စီနယ်မြေ၌ လျှပ်စစ်ကားများပြေးဆွဲရန် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန်လျော့ပေးခြင်းဖြင့်….

သြဂုတ် ၂၂ ရက်နေ့၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတွင်

လျှပ်စစ် ကားများပြေးဆွဲနိုင်ရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန်လျှော့ပေါ့ခြင်းဖြင့် ဆွဲဆောင်မှုများပြုလုပ်သွားမယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ ပြောကြားခဲ့သည်။

စိမ်းလန်းစိုပြေပြီး Green City, Smart City ဖြစ်စေရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိ သည့်

လျှပ်စစ်စွမ်းအင်သုံးယာဉ်များဖြင့် အစားထိုအသုံးပြုနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ သည်။

လျှပ်စစ်စွမ်း အင်သုံးယာဉ်များ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သုံးစွဲနိုင်ရေးကို အားပေးထားပြီးဖြစ်ကြောင်းနှင့် ပြည်တွင်း၌

လျှပ်စစ်စွမ်းအင်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေးအတွက် စံချိန်စံညွှန်းများကို အာဆီယံဂိုက်လိုင်း များနှင့်အညီ ရေးဆွဲထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit








Credit