Local News

မချစ်သုဝေရဲ့ ဖခင် ဆုံးပါးသွားလို့ စိတ်မကောင်းစွာနဲ့အမှတ်တရ ပတ်သတ်မှုလေးတွေကိုပြောပြလာတဲ့ ပန်ဆယ်လို…

မချစ်သုဝေရဲ့ ဖခင် ဆုံးပါးသွားလို့ စိတ်မကောင်းစွာနဲ့အမှတ်တရ ပတ်သတ်မှုလေးတွေကိုပြောပြလာတဲ့ ပန်ဆယ်လို…

မချစ်သုဝေရဲ့ ဖခင် ဆုံးပါးသွားတယ်လို့ သိရတယ်။ ဒီလိုကာလမျိုးမှာ ရှင်ကွဲအပြင် သေကွဲနဲ့ပါ ထပ်ရင်ဆိုင်ရတဲ့ နှလုံးသားတွေကို ဝင်ခံစားကြည့်ဖို့တောင် မရဲဘူး။

အန်ကယ်နဲ့က အရင်အကောင့်မှာ Friend ဖြစ်တာ နှစ်တွေကြာပြီ။ စကားတွေ ပြောဖြစ်တယ်။ အိမ်မှာ ပွဲတွေရှိတယ် အမြဲဖိတ်တတ်တယ်။

မချစ်သုဝေနဲ့ အရမ်းမရင်းနှီးလှပေမယ့် အန်ကယ်နဲ့က ပိုပြီး ရင်းနှီးတယ်။ စတူဒီယိုကို လာခဲ့၊ သီချင်းလာဆိုလို့ အမြဲခေါ်လေ့ရှိပေမယ့် တစ်ခါမှ မရောက်ဖြစ်ခဲ့ဘူး။

အာဏာသိမ်းပြီးကတည်းက ပြေးလွှားနေရတာနဲ့၊ အကောင့်ပျက်တာနဲ့ စကားမပြောဖြစ်ခဲ့ဘူး။ အခုကြားရတာ အန်ကယ်ဆုံးပြီတဲ့။

သမီးတွေ၊ မြေးတွေကို သိပ်ချစ်တဲ့ အန်ကယ် လတွေအများကြီး ခွဲခွါနေရမယ်။ ပြီးတော့ အပြီးခွဲခွါသွားရတယ်။ ဒီကာလမှာ နာကျင်ကြေကွဲရတဲ့ ခွဲခွါမှုတွေအားလုံးဟာ စစ်အာဏာရူးတွေကြောင့်ပဲ။

အန်ကယ် ကောင်းရာဘုံဘဝ ရောက်ရှိပါစေ။ ဆိုပြီး ပန်ဆယ်လို အကောင့်ကနေ စိတ်မကောင်းစွာနဲ့ ရေးသားတင်းပြထားတာကိုတွေ့ရပါတယ်။

သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေ၏ ဖခင်ဖြစ်သူ Metal Zone Band တည်ထောင်သူ ဦးဇော်ဝင်းသည် ယနေ့(သြဂုတ် ၂၃ ရက်) နံနက်အစောပိုင်းက ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း အနုပညာအသိုင်းအဝိုင်းထံမှသိရပါတယ်။

၎င်းကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်းကို အနုပညာအသိုင်းအဝိုင်းမှ သရုပ်​ဆောင်၊ အဆိုတော်၊ ဂီတပညာရှင်များက လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။

Credit