Sports

မာရှယ် ပွဲထုတ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ – ဆိုးလ်ရှား

မာရှယ် ပွဲထုတ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေကို ပြန်လည်ဖြေရှင်းခဲ့တဲ့ – ဆိုးလ်ရှား

ဆောက်သမ်တန် ကို သရေရလဒ်နဲ့ ရရှိခဲ့တဲ့ ပွဲမှာ လူစာရင်းနဲ့ ပတ်သက်လို့ ပရိတ်သတ် က ဝေဖန်မှုတွေ နဲ့ ပြောဆိုသံတွေ ဖြစ်လာခဲ့ပါ။

ဆိုးလ်ရှားကတော့ ဒီဝေဖန်မှုတွေနဲ့ ပတ်သက်လို့ စကားဆိုလာပါတယ်။

ကျွန်တော် အနေနဲ့ တိုက်စစ်မှုး နှစ်ဦးနဲ့ ကစားဖို့ ရည်ရွယ်ပါတယ်၊ သူတို့တွေဟာ မာရှယ်ကို ပွဲထွက် ကစားခွင့် ပေးချင်ခဲ့ပြီး တိုက်စစ်မှူး နှစ်ယောက်နဲ့ ပွဲထုတ်ခဲ့ရတာဖြစ်ပါတယ်

မာရှယ်ကို တိုက်စစ်ပိုင်းဘယ်ခြမ်းနဲ့ ၊ ဂရင်းဝုဒ် ကို ညာခြမ်း ကစားလိုတဲ့အတွက် ပါ၊ ကစားကွက်ကို အခြေခံကာ ပွဲထုတ်လိုက်တာဖြစ်ကြောင်းပြောဆိုပါတယ်။

မာရှယ်အနေနဲ့ ပါဝင်ခဲ့တဲ့ မိန်စ်ပိုင်းပွဲစဉ်အတွင်း စွမ်းဆောင်ရည် ပိုင်းက တော်တော်လေး စိတ်ပျက်ဖို့ကောင်း ကြောင်း ယူနိုက်တတ် ပရိတ်သတ် တွေကိုယ်တိုင် ပြောဆို ဝေဖန်လာတာပါ။

ပွဲချိန် ၅၉မိနစ်မှာတော့ မာရှယ်အစား ဆန်ချို ဝင်ရောက်လာခဲ့ပါတယ်၊

ပထမဆုံး ပွဲစဉ်မှာ တိုက်စစ်မှူးနေရာက ကစားခဲ့တဲ့ ဂရင်းဝုဒ် အနေနဲ့ ဆောက်သမ်တန် နဲ့ပွဲမှာ ညာခြမ်းတိုက်စစ်အသွင်နဲ့ ပါဝင်ရခဲ့ပါတယ်။တစ်လုံးတည်းသော သရေ ဂိုးလည်း ရယူနိုင်ခဲ့ပါတယ် ၊

နောက်ပွဲစဉ်တွေမှာ ဂရင်းဝုဒ် အနေနဲ့ တိုက်စစ်မှုး နေရာက ပါဝင်လာဖို့ အလာအလားကောင်းနေပါတယ်၊ နည်းပြ ဆိုးလ်ရှား ကတော့ ဘယ်လိုပုံစံနဲ့ ဆက်သွားမလဲ စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။

Photo Credit To Owner
Internet Source
SportsGaber