Local News

အမျိုးသမီးတွေလဲ ကြိုးစား လေ့ကျင့်မှုပုံရိပ်များ

” အာဏာရှင်ကိုတော်လှန်နိုင်ဖို့ အပြင်းအထန်ကြိုးစားနေကြတဲ့ ကချင်တပ်မတော်ထဲက တပ်သားတွေရဲ့လေ့ကျင့်မှုပုံရိပ်တွေ ”

အမျိုးသမီးတွေလဲ ကြိုးစားနေကြတာ

စစ်ပညာသင်ယူဖို့ဆိုတာတကယ်ကိုမလွယ်လွန်းတဲ့အလုပ်ပါ။ အနေဆင်းရဲ အစားဆင်းရဲနဲ့ ဆင်းရဲမှုပေါင်းစုံကိုကြံ့ကြံ့ခံပြီး ရှည်ကြာတဲ့အခိုက်အတန့်တွေကို သည်းခံနိုင်မှသာ သင်ယူနိုင်မယ့် ပညာမျိုးပါ။

အာဏာသိမ်းမှုစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ လူငယ်လူရွယ်တွေဟာ အာဏာရှင်နဲ့ဖိနှိပ်မှုကို တွန်းလှန်ချင်တာကြောင့် စစ်ပညာသင်ပေးမယ့် အဖွဲ့အစည်းတွေဆီအရောက်သွားပြီး ပင်ပန်းဆင်းရဲမှု ဒဏ်တွေကို အခုချိန်ထိသည်းခံရင်း စစ်ပညာတွေကိုသင်ယူနေခဲ့ပါတယ်။

ဒီနေ့မှာလည်း ကချင်တပ်မတော်ထဲက အမျိုးသားတပ်သားတွေနဲ့ အမျိုးသမီးတပ်သားတွေဟာ သူတို့လေ့ကျင့်ရေးဆင်းနေတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာဝေမျှလာခဲ့ပါတယ်။

ထင်ထားတာထက် ပိုပြီးခက်ခဲကြမ်းတမ်းတဲ့အပိုင်းကဏ္ဍတွေပါဝင်နေခဲ့ပြီး တော်ရုံလူ မလုပ်နိုင်တဲ့ အရာတွေကိုတောင် ကြိုးကြိုးစားစားလုပ်နေခဲ့ကြတာ တကယ်ကိုလေးစားစရာပါ။ နှစ်ပေါင်းများစွာ ကြီးစိုးလာတဲ့ အာဏာရှင်ကိုဖြုတ်ချနိုင်ဖို့ဆိုတာ အချိန်တိုတိုနဲ့မဖြစ်နိုင်တာမို့ စစ်ပညာတွေကို အချိန်ယူလေ့လာပြီး ပြောက်ကျားစနစ်နဲ့ ပုန်ကန်နေခဲ့ကြတာပဲဖြစ်ပါတယ်။

ပင်ပန်းတဲ့စစ်ပညာတွေကို အပြင်းအထန်သင်ယူနေရပေမယ့် စားရတဲ့အာဟာရဟာလည်း အိမ်မှာစားရသလိုမဟုတ်ဘဲ အဆင်ပြေသလိုစားရတာကြောင့် ပိုပြီးခက်ခဲခဲ့ပါတယ်။

ဒီလိုစွန့်လွှတ်စွန့်စား အနစ်နာခံပြီး တိုင်းပြည်အတွက်အကျိုးပြုချင်တဲ့ လူငယ်လူရွယ်တွေဟာ တကယ်ကိုလေးစားထိုက်သူ တွေပါ။ ပြည်သူအားလုံးအတွက် အပင်ပန်းခံပြီး ကြိုးစားပေးနေသူအားလုံးကို ဦးညွှတ်အလေးပြုပါတယ်။

Credit -mmload