Celebrity

“အနုပညာသမားတွေအနေနဲ့ နာကျည်းကြဖို့သင့်နေပြီဖြစ်ကြောင်းကို ခံပြင်းဒေါသထွက်ပြီး ပြတ်ပြတ်သားသားဖွင့်ဟလာတဲ့ Rဇာနည်”

“အနုပညာသမားတွေအနေနဲ့ နာကျည်းကြဖို့သင့်နေပြီဖြစ်ကြောင်းကို ခံပြင်းဒေါသထွက်ပြီး ပြတ်ပြတ်သားသားဖွင့်ဟလာတဲ့ Rဇာနည်”

အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို တော်လှန်ရေးတိုက်ပွဲကြီးမှာလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ ဖေဖော်ဝါရီလတည်းက လမ်းပေါ်ထွက်လှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့သူကတော့ Rဇာနည်ပဲ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေရဲရဲဝံ့ဝံ့နဲ့ ရပ်တည်ခဲ့တာကြောင့် Rဇာနည်ဟာ ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး လက်ရှိအချိန်မှာဆိုရင် ပုန်းရှောင်နေရတာဖြစ်ပါတယ်။

မတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေနဲ့ ကပ်ရောဂါအ‌ခြေအနေတွေကြောင့် ပြည်သူတွေဒုက္ခရောက်နေကြရသလို အနုပညာသမားတွေနဲ့လည်း ဖမ်းဆီးခံရသူ၊ ရှောင်ပုန်းနေရသူတွေများပြားနေပြီး အနုပညာအလုပ်တွေလုပ်ကိုင်ခွင့်မရကြပဲ စား၀တ်နေရေးကြပ်တည်းသူတွေပါရှိလာနေတာဖြစ်ပါတယ်….။

အခုလိုကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် Rဇာနည်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ ခံပြင်းစွာနဲ့ရေးသားလာခဲ့ပါတယ်။

အနုပညာသမားအများစု အလုပ်လက်မဲ့ဖြစ်ကြပြီး မိသားစုတွေ သေကွဲရှင်ကွဲ ကွဲနေကြရကာ မြန်မာနိုင်ငံမှာ အနုပညာသေသွားပြီဖြစ်ကြောင်း ရေးလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – MMLoad