Celebrity

ကိုယ်တိုင်လည်းငယ်ငယ်က ဆာလောင်ငတ်မွတ်ခဲ့ဖူးလို့ ကိုယ်ချင်းစာလို့ပါတဲ့။

ပရိသတ်တွေရဲ့အချစ်တော် မော်ဒယ်လ်သရုပ်ဆောင် စူးရှထက်ကတော့ ဒီနေ့သြဂုတ်လ (၂၄)ရက်နေ့မှာ စားသောက်ကုန်တွေလှူဒါန်းတဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ စူးရှထက်ကတော့ သာသနာ့ဘောင်ဝင်ရောက်နေချိန်မှာတောင် ဆရာလေးဝတ်နဲ့ ပြည်သူတွေအတွက် လိုအပ်တာတွေကို လိုက်လံကူညီတတ်တဲ့သူပါ။

ဒီနေ့မှာလည်းစူးရှထက်က အခုကာလ စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဂေါ်ဖီ၊ပန်းဂေါ်ဖီ၊ပဲသီး၊ခရမ်းသီး၊ခရမ်းချဉ်သီးစတဲ့ ဟင်းသီးဟင်းရွက် ကုန်စိမ်းမျိုးစုံကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ စူးရှထက်က သူကိူယ်တိုင်လည်း ငယ်စဉ်က ပင်ပန်းဆင်းရဲခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ဆာလောင်ငတ်မွတ်တဲ့ ဒဏ်ကို ခံစားခဲ့ရဖူးတာကြောင့် ခုကာလစားဝတ်နေရေးခက်ခဲနေတဲ့သူတွေကို ကိုယ်ချင်းစာတာကြောင့် အခုလို လှူဒါန်းတာပါတဲ့။

စူးရှထက်က နောက်ထပ်ကိုလည်း သူတတ်နိုင်သလောက် အမြဲတမ်းလှူဒါန်းမှုတွေကို ဆက်လက်ပြုလုပ်နေဦးမှာပါတဲ့။ CeleZone ပရိသတ်ကြီးရေ စူးရှထက်ရဲ့ စိတ်ဓာတ်ကတော့ တကယ်ကိုလေးစားဖွယ်ကောင်းတဲ့ စိတ်ဓာတ်လေးဖြစ်ပြီး ပရိသတ်တွေက ဒီနေ့ပြုလုပ်တဲ့ အလှူလေးကိုလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Zar Chi Htay

-Zawgyi Font ဖြင့် ဖတ်ရန်-

စားဝတ္ေနေရးခက္ခဲသူေတြအတြက္ ဟင္းခ်က္စရာေတြ လွဴဒါန္းေပးလိုက္တဲ့ စူးရွထက္

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ေမာ္ဒယ္လ္သရုပ္ေဆာင္ စူးရွထက္ကေတာ့ ဒီေန႕ၾသဂုတ္လ (၂၄)ရက္ေန႔မွာ စားေသာက္ကုန္ေတြလွဴဒါန္းတဲ့ အလွဴေလးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ စူးရွထက္ကေတာ့ သာသနာ့ေဘာင္ဝင္ေရာက္ေနခ်ိန္မွာေတာင္ ဆရာေလးဝတ္နဲ႕ ျပည္သူေတြအတြက္ လိုအပ္တာေတြကို လိုက္လံကူညီတတ္တဲ့သူပါ။

ဒီေန႔မွာလည္းစူးရွထက္က အခုကာလ စားဝတ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြအတြက္ ေဂၚဖီ၊ပန္းေဂၚဖီ၊ပဲသီး၊ခရမ္းသီး၊ခရမ္းခ်ဥ္သီးစတဲ့ ဟင္းသီးဟင္းရြက္ ကုန္စိမ္းမ်ိဳးစံုကို လွဴဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ စူးရွထက္က သူကိူယ္တိုင္လည္း ငယ္စဥ္က ပင္ပန္းဆင္းရဲခဲ့တဲ့သူတစ္ေယာက္ျဖစ္ျပီး ဆာေလာင္ငတ္မြတ္တဲ့ ဒဏ္ကို ခံစားခဲ့ရဖူးတာေၾကာင့္ ခုကာလစားဝတ္ေနေရးခက္ခဲေနတဲ့သူေတြကို ကိုယ္ခ်င္းစာတာေၾကာင့္ အခုလို လွဴဒါန္းတာပါတဲ့။

စူးရွထက္က ေနာက္ထပ္ကိုလည္း သူတတ္နိုင္သေလာက္ အျမဲတမ္းလွဴဒါန္းမႈေတြကို ဆက္လက္ျပဳလုပ္ေနဦးမွာပါတဲ့။ CeleZone ပရိသတ္ၾကီးေရ စူးရွထက္ရဲ႕ စိတ္ဓာတ္ကေတာ့ တကယ္ကိုေလးစားဖြယ္ေကာင္းတဲ့ စိတ္ဓာတ္ေလးျဖစ္ျပီး ပရိသတ္ေတြက ဒီေန႕ျပဳလုပ္တဲ့ အလွဴေလးကိုလည္း သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Zar Chi Htay

Credit