Sports

ဟယ်ရီကိန်းကို ခေါ်ယူမယ် – မာရှယ်ကိုရောင်းချရမယ် – ယူနိုက်တတ်အသင်း – ဂယ်ရီနဗီးလ်

ဟယ်ရီကိန်းကို ခေါ်ယူမယ် – မာရှယ်ကိုရောင်းချရမယ် – ယူနိုက်တတ်အသင်း – ဂယ်ရီနဗီးလ်

ဂယ်ရီနဗီးလ်ကတော့ မန်ချက်တာ ယူနိုက်တတ် အသင်းအနေနဲ့ ပရီးမီးယားလိဂ် မှာ အင်အားကောင်းကောင်း နဲ့ ပြိုင်ဘက်အသင်းတွေကို စိန်ခေါ်နိုင်ဖို့ တိုက်စစ်မှူး တစ်ဦး ထပ်မံ မြန်မြန်ဆန်ဆန် ခေါ်သင့်ကြောင်း အကြံပေးဆိုခဲ့ပါတယ်။

အဓိက အကြံပေး တိုက်စစ်မှူး အနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူ အားဖြည့်သင့်ကြောင့် ပြောဆိုလိုက်တာပါ။

ယူနိုက်တတ် ကစားသမား အနေနဲ့ မာရှယ် ၊ လင်ဂတ် ၊ ဒန်နီရယ်ဂျိမ်းစ်တို့ကို ရောင်းထုတ်သင့်ပါတယ် ၊ ဟယ်ရီကိန်းကိုသာ အရခေါ်ယူဖို့ ယူနိုက်တတ် အသင်းဟာ ကြိုးစားသင့်ကြောင်း အကြံပေးပြောဆိုလိုက်ပါတယ်။

မန်စီးတီး အသင်းကလည်း ဟယ်ရီကိန်း ကို ရရှိဖို့ အတွက် ကြိုးစားနေတုန်း ယူနိုက်တတ်အသင်းကလည်း ခြားဖြတ်ခေါ်ယူနိုင်ဖို့တိုက်တွန်း ခဲ့တာပါ။

ယူနိုက်တတ် အသင်းအနေနဲ့ ဒီရာသီမှာ တိုက်စစ်မှုး ကစားသမား ဆန်ချိုနဲ့ နောက်ခံလူ ဗာရန်းတို့ကို ပေါင် ၁၀၀ သန်းကျော် ထိ အသုံးပြု ခေါ်ယူနိုင်ခဲ့ပါတယ်။ နောက်ထပ်တိုက်စစ်မှူးနဲ့ ကွင်းလယ် ကစားသမားကို ခေါ်ဖို့ အရေး အပြောင်းအရွှေ့မပိတ်ခင် ပရိတ်သတ် တွေ စောင့်ကြည့်ရပါမယ် ။

Photo Credit To Owner
Internet Source
SportsGaber