Sports

Ballon D’or သမိုင်းတစ်လျှောက် အမှတ်အများဆုံး ကစားသမား (၁၀)ဦး

၂၀၂၁ ရဲ့ Ballon D’orဆုဟာ ဒီဇင်ဘာလမှ ပေးအပ်မှာ ဖြစ်ပြီး ဒီနှစ်အတွက် ဆုတစ်ဆုရယ် ၊ မနှစ်က ကိုဗစ်ကြောင့် မပေးလိုက်ရတဲ့ ဆုတစ်ဆုရယ်ကို ဒီနှစ်မှာ ပေးအပ်မယ်လို့ ကြောငြာခဲ့ပါတယ်။

Ballon d’orဆုဟာ အမှတ်တွေ၊ စံသတ်မှတ်ချက်တွေနဲ့ ပေးတဲ့ဆုဖြစ်တာကြောင့် ဝေဖန်မှုတွေများနေတဲ့ဆုဖြစ်ပေမယ့် ကမ္ဘာ့အကောင်းဆုံးဆုဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

စံသတ်မှတ်ချက်တွေနဲ့ ပေးတဲ့အခြေခံအရတော့ ဒီနှစ်ရဲ့ Ballon D’orဆုဟာ မက်စီအတွက် ခုနှစ်ကြိမ်မြောက်ဖြစ်မယ်ဆိုတာ သိသာပါတယ်။ မက်စီဟာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလားကို ဆွတ်ခူးခဲ့ပြီး သူ့ရဲ့ နိုင်ငံအသင်းနဲ့ အောင်မြင်မှု မရရှိမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

Ballon D’or အမှတ်ကို သမိုင်းတစ်လျှောက် အမှတ်အများဆုံး ကစားသမား (၁၀)ယောက် ကို ေဖာ်ပြပေးလိုက်ပါတယ်။

(၁၀)ဂျုိဟန် ခရပ် (အမှတ် ၅၀၆မှတ်)

ဒတ်ချ်ဂန္ဓဝင်ကစားသမားကြီးဟာ ၁၉၇၁၊၁၉၇၃ နဲ့ ၁၉၇၄တို့မှာ Ballon D’orဆုကို (၃)ကြိမ်အထိ ဆွတ်ခူးခဲ့ပြီး ၁၉၇၅မှာလည်း တတိယ နေရာမှာရပ်တည်နိုင်ခဲ့ပါသေးတယ်။

(၉) ကာကာ (အမှတ် ၅၅၀)

မက်စီနဲ့ ရော်နယ်ဒို မလွှမ်းမိုးခင်မှာ နောက်ဆုံးBallon D’orရခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

(၈) မီချယ် ပလက်တီနီ (အမှတ် ၅၅၁)

ပလက်တီနီဟာ Ballon D’orဆုကို ၁၉၈၃၊၁၉၈၄ နဲ့ ၁၉၈၅ ခုနှစ်တို့မှာ သုံးနှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

(၇)ဖရန့် ဘတ်ကင်ပါဝါ (အမှတ် ၅၇၆)

Libero Roleကို ဖန်တီးခဲ့တာဟာ ဘတ်ကင်ပါဝါဖြစ်ပါတယ်။ ဒါကပဲ သူ့ကို ၁၉၇၂နဲ့ ၁၉၇၆မှာ Ballon D’orဆုကို ဆွတ်ခူးစေခဲ့ပါတယ်။

(၆) ဘရာဇီး ရော်နယ်ဒို (အမှတ် ၆၀၀)

ဒူး ဒဏ်ရာ ပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရော်နယ်ဒိုဟာ ၁၉၉၇နဲ့ ၂၀၀၂ ခုနှစ်မှာ ဘလွန်းဒီအော ဆုကို ဆွတ်ခူးခဲ့ပါတယ်။

(၅) ဗန်ဒိုက် (အမှတ် ၆၇၉)

Ballon D’or ဆုကို တစ်ခါမှ မရဖူးပဲနဲ့ ဒီစာရင်းမှာ ပါဝင်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၉ တုန်းက မက်စီထက် အမှတ်နည်းနည်းလေးလျော့ပြီး ကပ်လွဲခဲ့တာဖြစ်ပါတယ်။

(၄) ဇီဒန်း (အမှတ် ၇၁၅)

၁၉၈၈ ခုနှစ်က ပြင်သစ်ကို ကမ္ဘာ့ဖလားဆွတ်ခူးနိုင်အောင် ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ ဇီဒန်းဟာ အဆိုပါနှစ်မှာပဲ Ballon D’or ဆိုကို ဆွတ်ခူးခဲ့ပါတယ်။ ၁၉၉၇တုန်းကလည်း တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

(၃) လူကာ မိုဒရစ် (အမှတ် ၈၃၇)

ရော်နယ်ဒိုနဲ့ မက်စီရဲ့ ဆယ်စုနှစ်ကြာ လွှမ်းမိုးမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရီးရဲအတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးတဲ့အပြင် ခရိုအေးရှားအသင်းကိုလည်း ကမ္ဘာ့ဖလား ဖိုင်နယ်ကို အရောက်ပို့ဆောင်နိုင်ခဲ့ပါတယ်။

(၂) မက်စီ (အမှတ် ၂၉၆၁)

၂၀၀၉၊၂၀၁၀၊၂၀၁၁၊၂၀၁၂၊၂၀၁၅နဲ့ ၂၀၁၉ ခုနှစ်တွေ မှာ Ballon D’or ၆ကြိမ်အထိဆွတ်ခူးနိုင်ပြီး ၄ကြိမ်ဆက်တိုက် Ballon D’orဆုရရှိခဲ့တဲ့ တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။ မက်စီဟာ Ballon D’orဆုကို (၆)ကြိမ်အထိ စံချိန်တင် ဆွတ်ခူးခဲ့ပေမယ့် အမှတ်အများဆုံး ကစားသမားတော့ မဖြစိခဲ့ပါဘူး။မက်စီဟာ ဒုတိယ နေရာမှာ ငါးကြိမ်နဲ့ တတိယနေရာမှာ တစ်ကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။

(၁)ရော်နယ်ဒို (အမှတ် ၃၆၀၁)

ရော်နယ်ဒိုဟာ Ballon D’or သမိုင်းတစ်လျှောက်မှာ အမှတ်အများဆုံး ကစားသမားဖြစ်ပါတယ်။ သူဟာ ၂၀၀၈၊၂၀၁၃၊၂၀၁၄၊၂၀၁၆နဲ့၂၀၁၇တို့မှာ ငါးကြိမ်အထိဆွတ်ခူးခဲ့ပါတယ်။ရော်နယ်ဒိုဟာ ဒုတိယနေရာမှာ ၆ကြိမ်နဲ့ တတိယနေရာမှာ ၁ကြိမ်ရပ်တည်နိုင်ခဲ့ပါတယ်။

Credit – Sport evening