Local News

” စစ်ပညာသင်ယူနေတဲ့ GZ လူငယ်တွေကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးနေတဲ့ လွတ်မြောက်နယ်မြေက ဗီဒီယိုတစ်ချို့ “

GZ လူငယ်လေးတွေဟာ အာဏာရှင်ကိုပုန်ကန်ချင်စိတ်တစ်ခုတည်းနဲ့ လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ယူနေကြပြီး အတော်အသင့်အသုံးချနိုင်တဲ့အခြေအနေတစ်ခုရောက်တဲ့အခါ ပြောက်ကျားစနစ်နဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်တွေကို ရသလိုတော်လှန်ပေးခဲ့ကြပါတယ်။

ဖမ်းဆီးခံရသူတွေရှိသလို လက်ရှိအချိန်ထိလည်း တော်လှန်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ ပြည်သူ့တပ်သားတွေ လည်း အများအပြားရှိနေကြဆဲပါပဲ။

ပြောက်ကျားစနစ်စတင်တာအချိန်တစ်ခုရှိခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိတော့ နှစ်ဖက်အထိအခိုက်ရှိနေကြဆဲ ပါပဲ။ ပြည်သူတွေဟာ ပြည်သူ့တပ်သားတွေကို အပြည့်အဝ ထောက်ပံ့ကာကွယ်မှုတွေလုပ်ပေးကြသလို ပြည်သူ့တပ်သားတွေဟာလည်း ပြည်သူတွေရဲ့ လုံခြုံရေးကို တတ်နိုင်သမျှကာကွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားနေခဲ့ကြပါတယ်။

ဒီနေ့မှာလည်း လွတ်မြောက်နယ်မြေတစ်နေရာက GZ လူငယ်လေးတွေကို စစ်သင်တန်းပေးနေတဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အနေဆင်းရဲ အစားဆင်းရဲနဲ့ ပင်ပန်းမှုပေါင်းများစွာကို ကြိုးကြိုးစားစားသည်းခံနေတဲ့ လူငယ်လေးတွေရဲ့ စွန့်လွှတ်စွန့်စားမှုကတော့ တကယ့်ကိုသြချလောက်စရာပါ။ ပျော်စရာတွေကိုကျောခိုင်းပြီး ငိုစရာတွေနဲ့ပဲ ပွေ့ဖက်ရင်းနေ့ရက်တွေကိုရှေ့ဆက်နေရတဲ့ သူတို့ဘဝတွေလွတ်လပ်နိုင်ဖို့ဆိုတာ အာဏာရှင်ကို အမြစ်ပြတ်ခြေမှုန်းပစ်မှရမှာပါ။

ဒီအရေးတော်ပုံမှာ ပြည်သူတစ်ရပ်လုံးပါဝင်ပြီး တော်လှန်ပေးမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ ဒီမိုကရေစီပန်းတိုင်ဟာစောင့်ကြိုနေမှာပါ။

Video ကြည့်ရန်နှိပ်ပါ

https://m.facebook.com/story.php?story_fbid=100921152321030&id=100072094351665

Credit – MMLoad