Local News

၅ရက်အတွင်း အောင်လံလွှင့်ချီနွေဦးထီလက်မှတ် ၂သိန်းခွဲ၊ ငွေကျပ်သိန်းငါးထောင်ဖိုး ရောင်းချနိုင်ခဲ့

၅ရက်အတွင်း အောင်လံလွှင့်ချီနွေဦးထီလက်မှတ် ၂သိန်းခွဲ၊ ငွေကျပ်သိန်းငါးထောင်ဖိုး ရောင်းချနိုင်ခဲ့

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ရက်နေ့ကနေ ၁၉ရက်နေ့အထိ ၅ရက်ကြာရောင်းချခဲ့ရာမှာ ထီလက်မှတ် ၂သိန်းခွဲ ငွေကျပ်သိန်းငါးထောင်ဖိုးရောင်းချနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဩဂုတ်လ ၂၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်စရာတွေရှိတဲ့အတွက် နွေဦးထီရောင်းချမှုကို ဩဂုတ်လ ၂၀ရက်နေ့ကနေ ရက်သတ္တပတ်နှစ်ပတ်ကြာ ရပ်နားထားဖို့ရှိနေပါတယ်။ နွေဦးထီလက်မှတ်တွေရောင်းချထားပြီးဖြစ်ပေမယ့် ငွေကြေးလက်ခံရရှိဖို့နဲ့ လုပ်ငန်းလည်ပတ်အောင်ဆောင်ရွက်ဖို့ အချိန်တခုတော့ စောင့်ရဦးမယ်လို့ ဆိုပါတယ်။

ဦးတင်ထွန်းနိုင် (ပြည်ထောင်စုဝန်ကြီး) စီမံကိန်း၊ ဘဏ္ဏာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန
“သိန်း ၅ထောင်မှာ သိန်း ၃၅၀၀ လောက်ကို CDM ဝန်ထမ်းတွေဆီလွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ တစ်ယောက်ကိုအများဆုံးတစ်သိန်းထောက်ပံ့ဖို့ရည်ရွယ်ထားပါတယ်။ ပြည်သူလူထုဆီကို ပွင့်လင်းမြင်သာမှုရှိစွာ သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။”

အင်တာနက်စာမျက်နှာတွေမှာ နွေဦးထီထိုးတဲ့ Kpay အကောင့်တွေကို စစ်ကောင်စီက ပိတ်သိမ်းတာမျိုးရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါ တယ်။ ဒီသတင်းတွေဟာ သတင်းအမှားတွေဖြစ်ပြီး နွေဦးထီလက်မှတ်ရောင်းရငွေတွေကိုလက်ခံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက Wave Money ငွေလွှဲစနစ်တစ်ခုတည်းကို အသုံးပြုတယ်လို့ဆိုပါတယ်။

Credit