Local News

ပစ်မိန့်ပေးထားတဲ့ကြားကနေ လမ်းကအတားအဆီးတွေကို ဖယ်ပစ်ကြပြီး သွေးမနည်းကြောင်းပြခဲ့ကြတဲ့ မန္တလေးသားတွေရဲ့ ဗီဒီယို

မကြာခင်ရက်ပိုင်းအတွင်းက မန္တလေးမြို့မှာ ကိုဗစ်ရောဂါကို ထိန်းချုပ်ကာကွယ်ရန်အတွက် မနက် (၄) နာရီမှ (၉) နာရီ နှင့် ညနေ (၃) နာရီမှ (၆) နာရီအတွင်းသာ အပြင်ထွက်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

ဒါ့ပြင်နယ်မကျော်ရ အမိန့်တွေနဲ့ သတ်မှတ်ချိန်မဟုတ်ပဲ အပြင်ထွက်ပါက ဖမ်းဆီးအရေးယူမှုနဲ့ ပစ်ခတ်မှုတွေအထိ ခံရနိုင်တယ်လို့ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အခုလို အခြေအနေတွေကြောင့် ပြည်သူတွေမှာပိုပြီး ဒုက္ခရောက်ကြရသလို ပြေးပြေးလွှားလွှားနဲ့ သွားလာ၀ယ်ယူနေကြရတာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် ပြောက်ကျားသပိတ်တွေထွက်ရန်အတွက်လည်း ခက်ခဲနေပြီး သပိတ်ထွက်တဲ့ကျောင်းသားလူငယ်တွေအနေနဲ့ အခုရက်ပိုင်းမှာပိုပြီး အဖမ်းအဆီးတွေခံနေကြရတာလည်း တွေ့ရပါတယ်။

အခုလိုအခြေအနေတွေဖြစ်နေပေမယ့် မန္တလေးကလူငယ်တွေဟာ အန္တရာယ်တွေကြားကနေ “ငါတို့မြို့၊ ငါတို့လမ်း၊ ငါတို့ပိုင်တယ်” ဆိုတဲ့ ခံယူချက်တွေနဲ့ ပြောက်ကျားသပိတ်တွေထွက်ကြသလို နယ်မကျော်ရ အတားအဆီးတွေကိုလည်း ရအောင် ဖယ်နေကြတာလည်းတွေ့ရပါတယ်။

ဒီဗီဒီယိုလေးဟာ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေပြီး အမျိုးသမီးတွေပါ ပါ၀င်ကြကာ အတားအဆီးတွေကို အားနဲ့အင်နဲ့ဖယ်ရှားနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

(ဗီဒီယိုဖိုင်ကြည့်ရူရန်အတွက် အောက်ပါလင့်ကို copyလုပ်ပြီး openကိုနှိပ်၍ facebookကိုနှိပ်ပြီး ဖွင့်ပါ)

https://www.facebook.com/106559704436097/videos/1517450001921396/

Credit