Celebrity

ဇာတ်ပို့သရုပ်ဆောင် ဆင်မ အဖမ်းခံရ

ဇာတ်ပို့သရုပ်ဆောင် ဆင်မ အဖမ်းခံရ

ဧရာဝတီ ၊ သြဂုတ် ၂၅ ၊ ၂၀၂၁ ။

ဇာတ်ပို့သရုပ်ဆောင် ဆင်မ သြဂုတ်လ ၂၄ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရပါတယ်။

ဒါရိုက်တာကိုပေါက်က ဆင်မရဲ့ ဓာတ်ပုံဖြင့် “ခင်ဗျားကြီး ကျုပ်စကားကို လုံးဝနားမထောင်ဘူးဗျာ” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဆင်မဟာ သူ့ရဲ့နေအိမ်မှာပင် ဖမ်းဆီးခံခြင်းဖြစ်ပြီး သူ့အား နေအိမ်မှ ပြောင်းရွှေ့နေထိုင်ရန် အကြံပေးခဲ့ကြောင်းကိုလည်း ဒါရိုက်တာသည်ခေတ်နေက ပြောထားပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဆင်မဟာ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သော အနုပညာရှင်တယောက်ဖြစ်ပြီး စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှလည်း နှုတ်ထွက်ထားသူတယောက်ဖြစ်ပါတယ်။

Credit