Celebrity

ဆင်မ အဖမ်းခံလိုက်ရတဲ့ သတင်းကို ပြောလာလာပြီး စိုးရိမ်စိတ်တွေနဲ့ ဒေါဖြစ်နေတဲ့ ကိုပေါက်နဲ့သည်ခေတ်နေ…. အိမ်ရွှေ့နေဖို့ ပြောခဲ့ပေမယ့်

ယနေ့ သြဂုတ်လ (၂၅)ရက်နေ့မှာတော့ ဒါရိုက်တာ သည်ခေတ်နေက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ စိတ်မကောင်းစရာသတင်းတစ်ခုကို ဖော်ပြလိုက်တာ တွေ့ရပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဦးဆင်မတစ်ယောက် သြဂုတ်လ (၂၄)ရက်နေ့ညကပဲ ထိန်းသိမ်းခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်း ဒါရိုက်တာ သည်ခေတ်နေက ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ ပရိသတ်တွေနဲ့ ပြည်သူတွေကတော့ ဦးဆင်မရဲ့သတင်းကို ကြားကြားချင်း ထိတ်လန့်အံ့သြခဲ့ရပြီး စိတ်ပူနေကြတာလည်း ဖြစ်ပါတယ် ။

ဒါရိုက်တာ သည်ခေတ်နေက ဦးဆင်မအတွက် စိုးရိမ်ပူပန်တာကြောင့် အိမ်ရွှေ့နေဖို့အတွက်တောင် ပြောခဲ့သေးတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း အခုတော့ သူ့စကားတွေက အချည်းနှီးဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်နေရတာလည်း ဖြစ်ပါတယ် ။

သည်ခေတ်နေက ” စိုးရိမ်လို့ ကျွန်တော်အိမ်ရွှေ့ဖို့ ပြောခဲ့ပါတယ် ကိုဆင်ရယ်” လို့ ရေးသားခဲ့တာဖြစ်ပြီး ညကပါသွားတာဖြစ်ကြောင်း သူကဖြေကြားပေးထားတာ ဖြစ်ပါတယ် ။

ဒါရိုက်တာ၊ သရုပ်ဆောင်ကိုပေါက်ကလည်း “ခင်ဗျားကြီး ကျုပ်စကားကို လုံးဝနားမထောင်ဘူးဗျာ” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာ တွေ့ရပါတယ်။ ဦးဆင်မကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ် ။

ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ဦးဆင်မအတွက် ပရိသတ်တွေနဲ့ ပြည်သူတွေကလည်း ဘေးကင်းစေဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။

Source & Photo Credit-The Khit Nay’s FB Acc & Aung Min Naing’s FB Acc
Credit – MMLoad