Sports

ရွှေဖိနပ်ဆု ရယူမယ် – အန်တိုနီယို

ရွှေဖိနပ်ဆု ရယူမယ် – အန်တိုနီယို

ဝက်စ်ဟမ်း အသင်း ကစား အန်တိုနီယိုကတော့
ဒီရာသီမှာ ရွှေဖိနပ်ဆုကို ရယူဖို့ အတွက် မျှော်မှန်းလို့ရတဲ့ အနေထာမှာ ရောက်နေတယ်လို့ ပြောဆိုလာတယ်။

အန်တိုနီယိုကတော့ လက်စတာနဲ့ပွဲ နယူကားဆယ်နဲ့ပွဲစဥ် နှစ်ပွဲမှာ ၃ဂိုးအထိ အသင်းအတွက် ရယူနိုင်ခဲ့ပါတယ်။ ဒီအနေထာမှာ ကျွန်တော် အနေနဲ့ ရွှေဖိနပ်ဆုကို ကို မျှော်မှန်းလို့ ရတဲ့ ရလဒ်မှာ ရှိနေပါတယ်လို့ပြောဆိုလာပါတယ်။

၂ပွဲကစား ၃ဂိုး ရယူနိုင်ခဲ့တဲ့ အန်တိုနီယိုအနေနဲ့ ဂိုးအများဆုံး စာရင်းမှာ ပါဝင်လာတယ် ၊ ဒါကြောင့် ရွှေဖိနပ်ဆုကို မျှော်မှန်းရတာပါဆိုလိုက်ပါတယ်။

လက်စတာနဲ့ပွဲစဥ်မှာ ကျွန်တော် အရမ်းပျော်နေပါတယ် ပရိတ်သတ် တွေရော ပျော်နေတာပေါ့ ကျွန်တော် ဂိုးသွင်း သွားတော့ ပရိတ်သတ် ထ အော်အားပေးတာ နားထဲမှာ ကြားနေရပါတယ်။

ကျွန်တော် ဒီလိုမျိုး ဂိုးတွေ ထပ်သွင်းလာမယ်ဆိုရင်တော့ တခြားကစားသမားတွေ လိုက်မီနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်လဲ မျှော်မှန်း ရတာပါ။

အန်တိုနီယိုဟာ ဝက်စ်ဟမ်း ကို မရောက်ခင်က တိုက်စစ်မှူး တစ်ယောက် မဟုတ်ခဲ့ပါဘူး။
၂၀၁၄ ခုနှစ်က နော်တင်ဖောရက်ကို ပြောင်းရွှေ့လာမှ တိုက်စစ်မှူး အခက်ခဲရှိလို့ ကစားပေး
ရင်း တိုက်စစ်မှူး တစ်ယောက်ဖြစ်လာခဲ့တာပါ။

နော်တင်ဖောရက်ကနေ တိုက်စစ်မှုး အဖြစ် ၂၀၁၅ခု နှစ်မှာ ဝက်စ်ဟမ်း အသင်းက ဝယ်ယူခဲ့တာပါ ၊ ဝက်စ်ဟမ်း အသင်းအတွက် ကစားပွဲ ၁၆၀ ကစားထားကာ ၄၉ဂိုး ရယူထားပါတယ်။

အန်တိုနီယိုကတော့ ဝက်စ်ဟမ်း အသင်းအတွက် ဂိုးအများဆုံး ကစားသမားဖြစ် ဒီရာသီ ရွှေဖိနပ်ဆုကိုလည်း မျှော်မှန်းထားကြောင်းသိရပါတယ်။

Photo Credit To Owner
Internet Source
SportsGaber