Local News

KIO ထုတ်ပြန်လိုက်တဲ့ သဘောထားကြောင့် ပြည်သူတွေ အားမငယ်ဖို့ပြောရင်း သူတို့ရဲ့ခံယူချက်တွေကိုပြောပြခဲ့တဲ့ KIAရဲဘော်တစ်ဦး…

အရေးတော်ပုံ အောင်မြင်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တချို့ကလည်း ပူးပေါင်းရပ်တည်ပေးခဲ့ပါတယ်။ စိတ်အားထက်သန် GZ လူငယ်တွေကိုလည်း သူတို့တပ်စခန်းတွေမှာ စေတနာအရင်းခံပြီး နေ့ရောညပါ စစ်ပညာတွေကို သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် CDM ပြုလုပ်လာတဲ့ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများနဲ့ (၅၀၅)ကဖြင့် အမှုဖွင့်တရားစွဲဆိုခံရလို့ ရှောင်တိမ်းလာတဲ့ ပြည်သူတွေကိုလည်း အေးချမ်းစွာ ခိုလှုံခွင့်ပေးထားခဲ့ပါတယ်။

လတ်တလောမှာတော့ KIA/KIO ၊ KNU စတဲ့ အဆိုပါ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်ရာဒေသသို့ အာဏာရှင်လူတစ်ခုက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နေ့စဥ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပါတယ်။

ဒီလို အာဏာရှင်လူတစ်စုဘက်က ထိုးစစ်ဆင်လာတာကြောင့် သြဂုတ်လ (၂၄)ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIOတို့က စစ်ပွဲများရှောင်ရှားပြီး မှန်ကန်သောနည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် မျှော်လင့်ကြောင်း အချက်(၅)ချက်ဖြင့်ပါရှိတဲ့ စာတစ်ဆောင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး ပြည်သူတွေစိတ်အားမငယ်ဖို့နဲ့ သူတို့ရဲ့ ခံယူချက်တွေကို KIAရဲဘော်တစ်ဦးက လူမှုကွန်ယက်မှာ ရေးသားဖော်ပြလာခဲ့တာ တွေ့ရပါတယ်။

“KlA က ထုတ်ပြန်လိုက်တဲ့စာကို အားလုံးဖတ်ပြီးပြီဖြစ်တဲ့အတွက် အားလုံးစိတ်အားမငယ်ကြပါနဲ့ ကျွန်တော်တို့ KIA တွေပြည်သူတွေနဲ့တစ်သွေးတစ်သားတည်း အမြဲအတူရှိနေဆဲပါ..တော်လှန်ရေး တပ်မတော်သားအားလုံးအတွက် အမြဲဆုတောင်းကူညီပေးကြပါ..”ဆိုပြီးရေးသားခဲ့ပါတယ်။

ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပေးပြီး စိတ်အားမငယ်အောင် အားပေးလာခဲ့တဲ့ KIAရဲဘော်တစ်ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာ ကောင်းလှပါတယ်နော်..။

အဆိုပါ ထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး ပြည်သူတွေစိတ်အားမငယ်ဖို့နဲ့ သူတို့ရဲ့ ခံယူချက်တွေကို KIAရဲဘော်တစ်ဦးက လူမှုကွန်ယက်မှာ ရေးသားဖော်ပြလာခဲ့တာ တွေ့ရပါတယ်။ “KlA က ထုတ်ပြန်လိုက်တဲ့စာကို အားလုံးဖတ်ပြီးပြီဖြစ်တဲ့အတွက် အားလုံးစိတ်အားမငယ်ကြပါနဲ့ ကျွန်တော်တို့ KIA တွေပြည်သူတွေနဲ့တစ်သွေးတစ်သားတည်း အမြဲအတူရှိနေဆဲပါ..တော်လှန်ရေး တပ်မတော်သားအားလုံးအတွက် အမြဲဆုတောင်းကူညီပေးကြပါ..”ဆိုပြီးရေးသားခဲ့ပါတယ်။

ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပေးပြီး စိတ်အားမငယ်အောင် အားပေးလာခဲ့တဲ့ KIAရဲဘော်တစ်ရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာ ကောင်းလှပါတယ်နော်..။

Credit – MMLoad