Sports

ယူနိုက်တတ်ဟာ ဒီရာသီလည်း ဖလားရယူနိုင်မှာမဟုတ်ကြောင်းပြောဆိုလိုက်တဲ့ – အိုဟားရား

ယူနိုက်တတ်ဟာ ဒီရာသီလည်း ဖလားရယူနိုင်မှာမဟုတ်ကြောင်းပြောဆိုလိုက်တဲ့ – အိုဟားရား

မန်ချက်စတာ ယူနိုက်တတ် အသင်းဟာ ဒီရာသီလည်း ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်မှာ မဟုတ်ကြောင်းနဲ့ ဆိုးလ်ရှားရယ့် လူထုတ်ပုံတွေကို မဟုတ်မမှန်ဖြစ်နေတာကို အိုဟားရား က အထူးပြောဆို သုံးသပ်သွားတာပါ။

ဆိုးလ်အနေနဲ့ ကစားသမားသစ်တွေ ဝယ် အရံခုံမှာထား တာတွေက ပရိသတ်တွေ အတွက် အထူးဝေဖန်စရာဖြစ်ခဲ့ရသလို အိုဟားရား ကလည်း ပြောဆို ဝေဖန်ခဲ့ပါတယ်။

မန်ယူနိုက်တတ်အသင်းဟာ အဖွင့် ပွဲစဥ် လှပ သလောက် ဆောက်သမ်တန် နဲ့ ပွဲမှာတော့ ဆယ်ဆလောက် ကွာဝေးပါတယ် ပွဲအပြီးမှာ နည်းပြဆိုးလ်ရှား လူထုတ်ပုံကို ပရိတ်သတ်တွေက ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

အိုဟားရား ကလည်း ဝေဖန်ပြောဆိုရင်း ဆိုးလ်ရှား ဟာ နည်းစနစ်ပိုင်းမှာ မကျွမ်းကျင်သေးတဲ့ နည်းပြဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မာရှယ်ကို အထောင်တိုက်စစ်ထားခဲ့အပေါ်မှာ တော်တော်လေးမိုက်မဲကြောင်း ဒီပုံစံအတိုင်း သာ ဆက်လုပ်နေမယ်ဆိုရင် ရှေ့ပွဲက ဆောက်သမ်တန် နဲ့ ကစားခဲ့တဲ့ ပွဲဟာ သက်သေ တစ်ခုပါပဲ ဒီရာသီမှာ ဖလားရယူဖို့ မဖြစ်နိုင်ပါဘူး။

ယူနိုက်တတ် အသင်းဟာ ကစားသမား အင်အားကောင်းနေတဲ့ အနေထာ တစ်ခုမှာတောင် နည်းပြဆိုးလ်ရှား ဟာ အသုံးမချတတ်ပဲ နည်းစနစ်ပိုင်းမှာမကျွမ်းကျင်သေးလို ဒီရာသီလည်း ဖလား စိန်ခေါ်နိုင်ဖို့ ဝေးနေသေးပါတယ်။

Photo Credit To Owner
Internet Source
SportsGaber