Local News

“သင်တန်းဆင်းပွဲမှာ သူတို့ကိုသင်ပြပေးခဲ့တဲ့ ဆရာတွေကို ဦးချကန်တော့ပြီး ဆုံးမစကားတွေနာခံနေတဲ့ KNDO ရဲဘော်လေးတွေရဲ့ဗီဒီယိုဖိုင်”

ပြည်သူ့ရဲဘော်တွေက အာဏာရှင်ကိုဖြုတ်ချဖို့အတွက် စွန့်စွန့်စားစား တိုက်ပွဲဝင်နေကြသလို ပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ အားပေးကူညီနေတာ ဖြစ်ပါတယ် ။

အသက်ကိုရင်းပြီး ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ရဲဘော်တွေရဲ့စိတ်ဓာတ်ကလည်း တကယ့်ကို လေးစားချီးကျူးချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင် အာဏာရှင်လက်ပါးစေတွေက ကရင်ပြည်နယ်ရှိ ထိန်းချုပ်နယ်မြေထဲကို ထိုးစစ်ဆင်ဝင်ရောက်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ကို ပြည်သူ့ရဲဘော်တွေက ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ထုတ်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြည်သူ့ရဲဘော်တွေခမျာ တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲခံပြီး စစ်ရေးလေ့ကျင့်ရေးသင်တန်းတွေကို ကြိုးစားသင်ယူနေရတာလည်း ဖြစ်ပါတယ် ။

သင်တန်းဆင်းသွားပြီဖြစ်တဲ့ ရဲဘော်တွေကိုတော့ ဆရာတွေက ခေါင်းဆောင်ကောင်းပီသစွာနဲ့ အစစ အရာ သွန်သင်ဆုံးမပေးခဲ့ကြတာ ဖြစ်ပါတယ် ။

အခုလည်း KNDO ရဲဘော်တစ်ဦးက သင်တန်းဆင်းပွဲတစ်ခုမှာ ဆရာတွေကို ဦးချကန်တော့နေတဲ့ ရဲဘော်တွေရဲ့ဗီဒီယိုဖိုင်ကို မျှဝေထားတာ တွေ့ရပါတယ်။ ရဲဘော်တွေကလည်း ဆရာတွေအပေါ်မှာ လေးစားမှုရှိသလို ဆရာတွေကလည်း စိတ်ရင်းစေတနာအပြည့်နဲ့ လမ်းညွှန်ပြသပေးခဲ့တာ ဖြစ်ပါတယ် ။

သူတို့ကို စစ်ပညာသင်ကြားပေးခဲ့တဲ့ ဆရာတွေအပေါ်မှာ ကျေးဇူးသိတတ်ပြီး ဦးချကန်တော့နေကြတဲ့ KNDO ရဲဘော်တွေရဲ့သင်တန်းဆင်းပွဲဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Videoကြည့်ရန် Copy ယူ facebook မှာကြည့်ပါ။

https://www.facebook.com/106559704436097/posts/357844149307650/

Credit – MMLoad (မူရင်းပို့စ် အားလေးစားလျှက်)