Sports

လာမယ့် ဝုဗ်နဲ့ပွဲမှာ မန်ယူကို ကိုင်တွယ်နည်းပြတာ ပွဲပေါင်း (၁၀၀)ပြည့်မယ့် ဆိုးလ်ရှား

လာမည့် Wolves အသင်းနှင့်ယှဥ်ပြိုင်ကစားရမည့်အဝေးကွင်းပွဲစဥ်သည် အိုလေဂန်နာဆိုးလ်ရှား၏ ယူနိုက်တက်နည်းပြဘဝ ပရီးမီးယားလိဂ်ပွဲပေါင်း(၁၀၀)ပြည့်မည့်ပွဲတစ်ပွဲဖြစ်သည်။ မန်ယူအသင်းကို မော်ရင်ဟိုရဲ့ လက်ထဲကနေ လက်လွဲယူခဲ့တဲ့ ဆိုးလ်ရှားဟာ ယာယီနည်းပြ ဘဝမှာ ရလဒ်တွေကောင်းခဲ့တာကြောင့် အမြဲတမ်းနည်းပြအဖြစ်ခံအပ်ထားခြင်းခံခဲ့ရပါတယ်။

ဆိုးလ်ရှား မန်ယူအသင်းကို ကိုင်တွယ်တာ ၃နှစ်ရှိခဲ့ပေမယ့် ဖလားတစ်လုံးမှ မရသေးပါဘူး။ မန်ယူဟာ ဆိုးလ်ရှားရဲ့ လက်ထဲတိုးတက်လာပေမယ့် ဖလားမရရှိသေးတာကတော့ ဆိုးဝါးတဲ့အချက်တစ်ခုပါ။ မန်ယူအသင်းဟာ ဆိုးလ်ရှားကို လူဝယ်ခွင့်အတွက် ပိုက်ဆံထုပ်ပိုက်ပြီး နောက်ကလိုက်ပေးခဲ့ပါတယ်။ ဆိုးလ်ရှားဟာ မက်ဂွိုင်းယားတို့လို့ နောက်တန်းကောင်းတစ်ယောက်ကို လက်စတာထံကနေ သန်း ၈၀ ပေးပြီး ဝယ်ခဲ့ပါတယ်။

ဒါအပြင် ဗန်ဒီဘိခ်လို ကစားသမားကိုလည်း အေဂျက်ကနေ စျေးကောင်းပေးဝယ်ခဲ့ပေမယ့် ခုချိန်ထိ ကောင်းကောင်းမွန်မွန်မသုံးသေးပါဘူး။ ဒီနှစ်နွေရာသီမှာတော့ မနှစ်ကတည်းက လိုချင်နေတဲ့ ဆန်ချိုနဲ့ ရီးရဲနောက်ခံလူ ဗာရိန်းတို့ကို သန်း ၁၀၀ ကျော်အထိပေးကာ ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာ မနှစ်က ပရီးမီးယားလိဂ်မှာ အဆင့် (၂)နဲ့ ရာသီသိမ်းခဲ့သလို ယူရိုပါလိဂ်မှာလည်း ဖိုင်နယ်ထိတက်ရောက်နိုင်ခဲ့ပေမယ့် ဗီလာရီးရဲကို ပန်နယ်သီအဆုံးအဖြတ်နဲ့ ရှုံးခဲ့တာကြောင့် ဖလားလက်မဲ့ရာသီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူအသင်းလိုချင်တာ ဖလားတွေပါ ။ First Runner upမဟုတ်ပါဘူး။ ဖလားတွေနဲ့ တစ်ဆင့်ပြီး တစ်ဆင့်နီးကပ်လာတဲ့ ဆိုးလ်ရှားကို မန်ယူပရိတ်သတ်တွေ စိတ်ရှည်ပေးခဲ့ပါတယ်။ဒိနှစ်မှာတော့ ရလဒ်ကောင်းတွေနဲ့ ဖလားတစ်လုံးလောက်သိမ်းပိုက်ပြနိုင်မှ ဆိုးလ်ရှားကို ထပ်မံယုံကြည်ပေးနိုင်မှာဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ကစားသမားတွေနဲ့ ဆက်ဆံရေးကောင်းမွန်ပြီး ကစားသမားတွေ ဘက်ကနေ ကာကွယ်ပြောဆိုလေ့ရှိပါတယ်။ ဒါပေမယ့် နည်းစနစ်ဗျူဟာ အပိုင်းမှာတော့ ကျွမ်းကျင်တဲ့အထဲမှာ မပါပါဘူး။သာမန်အဆင့်မှာပဲရှိပါတယ်။ လူစားလဲဖို့လည်း တွန့်ဆုတ်နေတဲ့အတွက် မဆုံးရှုံးသင့်တဲ့အမှတ်တွေ ဆုံးရှုံးရပါတယ်။ ဒါ့အပြင် ခံစစ်ကို ပိုင်နိုင်တဲ့ အသင်းတွေနဲ့တွေ့ရင်လည်း မန်ယူအသင်းဟာ ပုံမှန် ရုံးကန်ရလေ့ရှိပါတယ်။ ဒါဟာ ဆိုးလ်ရှားအတွက် ဘာမှပြုပြင်ပြောင်းလဲမှုမရှိသေးတာကတော့ သိသာတဲ့အချက်ပါ။

ယူနိုက်တက်နည်းပြဘဝ ပရီးမီးယားလိဂ်(၉၉)ပွဲကိုင်တွယ်ခဲ့ရာတွင် (၅၂)ပွဲနိုင်၊ (၂၈)ပွဲသရေ၊ (၁၉)ပွဲရှုံး ရလာဒ်ကိုပိုင်ဆိုင်ထားပြီး သွင်းဂိုး(၁၈၁)ဂိုးရရှိကာ (၁၀၇)ဂိုး​ပေးထားရသည်။ ဆိုးလ်ရှားရဲ့ လက်ထပ်မှာ မန်ယူအသင်းဟာ တစ်ပွဲကို တစ်ဂိုး ပျှမ်းမျှပေးနေရပြီး တစ်ပွဲကို နှစ်ဂိုးတောင် သွင်းဂိုး မရရှိတာမလို့ အားရစရာတော့မရှိပါဘူး။

လက်ရှိရာသီမှာတော့ လိစ်အသင်းကို အဖွင့်ပွဲမှာ ၅-၁ နဲ့နိုင်ခဲ့ပေမယ့် ဆောက်သမ်တန်ကိုတော့ ၁-၁ နဲ့သရေကျခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ အသင်းတွေနဲ့တွေ့ရင် အမှတ်မဆုံးရှုံးအောင် ကစားသင့်ပါတယ်။ လိစ်နဲ့ပွဲ မှာ အဆင်ပြေနေတဲ့ လူစာရင်းကို ပြောင်းလဲပြီး ေခြစွမ်းမပြနိုင်တဲ့ မာရှယ်ကို အထောင်ထားပြီး ကစားခဲ့တာဟာ မန်ယူပရိတ်သတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

Credit – Sport evening