Sports

ရိုနယ်ဒိုကို စီးတီးလက်ထဲ ထည့်ပေးလိုက်တော့မယ် – ဂျုဗင်တပ်အသင်း…

ရိုနယ်ဒိုကို စီးတီးလက်ထဲ ထည့်ပေးလိုက်တော့မယ် – ဂျုဗင်တပ်အသင်း…

မန်စီးတီး အသင်း အနေနဲ့ တိုက်စစ်မှုးတစ်ယောက်အရခေါ်ယူဖို့ အရေး ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်..စပါးအသင်းထံက တိုက်စစ်မှုး ဟယ်ရီကိန်း ကို ခေါ်ယူအတွက် စီးတီးအသင်း ဟာ တော်တော်လေးကြိုးစားခဲ့ပါတယ် ၊ စပါးအသင်း ကတော့ ပယ်ချကာ ဟယ်ရီကိန်း လည်းအသင်းမှာဆက်ရှိနေမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ် ။

မန်စီးတီး အသင်းနဲ ရိုနယ်ဒိုတို့ခြားမှာ တရားဝင် ဆွေးနွေးမှုတွေ ရှိလာနေကြောင်းသိရပါတယ်
မကြာခင်မှာ မန်စီးတီးအသင်း မှာ ရိုနယ်ဒို ကို မြင်ရဖို့အတွက် ပေါင် ၂၅ သန်းပဲ လိုအပ်နေတာပါ၊ ဂျုဗင်တပ်အသင်းဟာ ရိုနယ်ဒို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ပေးတာနဲ့ စီးတီးလက်ထဲကို ထည့်ပေးလိုက်တော့မှာပါ။

အီတလီသတင်း စကားတွေအရ ရိုနယ်ဒိုကို တပတ်လုပ်ခ ပေါင် ၂၃၀၀၀၀ စာချုပ် ချုပ်ဆိုဖို့ထိ နွေးထွေး မှု အထမြှောက်နေပေမယ့် ပြောင်းရွှေ့ကြေး ပေးဖို့အတွက် စီးတီးအသင်း အနေနဲ့ အလုပ်မဖြစ်ကာ ၊ ဂျုဗင်အသင်းကလည်း ပေါင် ၂၃ သန်း ရတာနဲ့ စီးတီးလက်ထဲကို ထည့်ပေးလိုက်မှာဖြစ်ပါတယ်။

မန်စီးတီး အသင်းသာ ဂျုဗင်တပ်လိုချင်တဲ့ ပေါင် ၂၃ သန်းသာ ပေးခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ ရိုနယ်ဒို သွင်းဂိုးတွေ မြင်တွေ့ရတော့မှာပါ။

Photo Credit To Owner
Internet Source
SportsGaber