Sports

မန်စီးတီး အသင်းမှာ ကခုန်ပြတော့မယ် ရိုနယ်ဒို

အင်အားကြီးအသင်းဖြစ်တဲ့ ဂျူဗင်တပ် အသင်းနေနဲ့ ရိုနယ်ဒိုကို ရောင်းချမှာဖြစ်ပြီ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ရှရှိပါက ရောင်းချမည်ဖြစ်
ကြောင်း သိရပါတယ်။

ရိုနယ်ဒိုဟာ မန်စီးတီး ကို ပြောင်းရွှေ့ဖို့ အတွက် ကြိုးစားနေပါတယ် ၊ မန်စီးတီး အသင်းကလည်း
အပြောင်းရွှေ့မပိတ်ခင် တိုက်စစ်မှုး တစ်ယောက်အရခေါ်ယူဖို့ အပြင်းအထန်ကြိုးစားနေပါတယ်။

ရိုနယ်ဒိုအေးဂျင့် ဂျော့စ်မန်ဒက်ကတော့ မန်စီးတီး အသင်း နဲ့ တရားဝင် ဆွေးနွေးပြောဆိုနေ ပါတယ်။

မန်စီးတီး အသင်းဘက်က ဆွေးနွေးမှု အောင်မြင်တာနဲ့ ရိုနယ်ဒို ကို ပရီးမီးယားလိဂ် မှာ မြင်တွေ့ရတော့မှာပါ။

စီးတီးအသင်းကတော့ တိုက်စစ်မှုးတစ်ယောက်အရခေါ်ယူဖို့ အတွက် အထူးကြိုးပမ်းနေတာပါ စပါးအသင်း တိုက်စစ်မှုး ဟယ်ရီကိန်း ကို ပေါင် ၁၂၀ သန်းပေး ကမ်းလှမ်းခဲ့ပါတယ် ၊ စပါးအသင်း ကတော့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတဲ့ အသင်း ဖြစ်ပြီး စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း အထိ ပေးကာ ကမ်းလှမ်းခဲ့ပေမယ့် စပါးအသင်းကတော့ သူတို့အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်တဲ့ ရိုမာနိုကတော့ ရိုနယ်ဒို နဲ့ စီးတီးအသင်း ဟာ တရားဝင် အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber