Sports

ရော်နယ်ဒို မန်စီးတီးရောက်လာနိုင်တဲ့ အကြောင်းရင်း (၄)ခု

ရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းနဲ့အတူ သုံးကြိမ်ဆက်တိုက် ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်ကာ အံဩဖွယ်လမ်းခှဲခဲ့ပြီး ဂျူဗင်တပ်အသင်းကို ပြောင်းရွေ့ခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းကလည်း ချန်ပီယံလိဂ်လိုချင်နေတဲ့အတွက် ချန်ပီယံလိဂ်ဘုရင် ရော်နယ်ဒိုကို သန်း ၁၀၀ထိပေးကာ ခေါ်ယူခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ွပသနိုင်ပြီး ဂိုးတွေသွင်းယူနိုင်ပေမယ့် အသင်းဖော်တွေနဲ့ အဆင်မပွဘေူးလို့ အသံထွက်ခဲ့ပါသေးတယ်။ ရီးရဲအသင်းမှာလို ဂျူဗင်မှာ အသင်းဖော်တွေနဲ့ အကောင်းဆုံးဆက်ဆံရေးမတည်ဆောက်နိုင်တာတော့ အမှနျပဲ ွဖစ်ပါတယ်။

(၁) ကစားသမားအင်အားကွာခြားမှု

ရီးရဲအသင်းမှာ မိုဒရစ်၊ တိုနီခရူးတို့လို့ ကမ္ဘာ့ထိပ်တန်းကွင်းလယ် ကစားသမားတွေ ရှိနေတာအ ွပင် အသင်းဖော်တွေအကုန်လုံးကလည်း ဂိုးရဖို့ဆိုရင် ရော်နယ်ဒိုကို ပဲ ဖန်း တီးပေးတာကြောင့် အဆုံးသတ်ကောင်းတဲ့ ရော်နယ်ဒိုဟာ ဂိုးတွေ များစွာသွင်းယူပြီး ဖလားတွေသိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်မှာတော့ တစ်ကိုယ်ကောင်းဆန်တဲ့ အသင်းဖော်တွေ ဂိုးဖန် တီးပေးခြင်း မရှိတာတွေက ရော်နယ်ဒိုအတွက် စိတ်ပျက်စရာဖြစ်နေမှာပါ

။ ရော်နယ်ဒိုဟာ ဂျူဗင်တပ်မှာ ၁၀၀ကျော်အထိသွင်းယူနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှုကတော့ ၂၀ဂိုးသာ ရှိခဲ့ပါတယ်။ မန်စီးတီးကတော့ အသင်းအင်အားတောင့်တင်းတဲ့အပြင် ဒီဘရိုင်းဖို့ ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်တစ်ယောက်လည်း ရှိနေတာကြောင့် အဆုံးသတ်ကောင်းတဲ့ ေရာ်နယ်ဒိုအတွက်တော့ အဆင်ပြေစေမှာပါ။

(၂) ကစားပုံ

ရော်နယ်ဒိုဟာ အသက် ၃၆နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် အရင်လို တိုက်တိုက်တွန်းတွန်း ကစားလို့မရတော့ပါဘူး။ နေရာကို စနစ်တကျယူပြီး အခွင့်ကောင်းတွေစောင့် ကာ ဂိုးတွေသွင်းယူသင့်ဖို့အချိန်ကို ရောက်ရှိလာပါပြီ။ ရော်နယ်ဒိုဟာ ခန္ဓာကိုယ်ကို ဘယ်လောက်ပဲ ဂရုစိုက်နေပါစေ ဇရာကိုတော့ မယှဥ်နိုင်ပါဘူး။ နောက်ပိုင်းမှာတော့ ရော်နယ်ဒိုရဲ့ အလိမ်အခေါက်တွေထက် သွင်းဂိုးတွေကိုပဲတွေ့မြင်ရဖို့ ရှိပါတယ်။ ဂျူဗင်တပ်အသင်းမှာတော့ ဖန်တီးမှုအားနည်းလွန်းလို့ တစ်ကိုယ်တော်စွမ်းဆောင်ရည်နဲ့ ခေါင်းတိုက်ဘော ၊ပင်နယ်သီတွေကသာ သွင်းဂိုးအများစုကို ရရှိနေပါတယ်။မန်စီးတီးကတော့ ဂွာဒီဒိုလာလို နည်းပြရှိတဲ့အပြင် အသင်းလိုက်ကစားပုံကောင်းမွန်ပြီး ဂိုးရဖို့သာ အဓိကထားတာမလို့ ဖန်တီးပေးမယ့် သူတွေများပါတယ်။

(၃) အသက်အရွယ်

အသက် ၃၆နှစ်ရှိတဲ့ ရော်နယ်ဒိုဟာ သူရဲ့ကစားသမားဘဝမကုန်ဆုံးခင်နှစ်မှာတော့ ချန်ပီယံလိဂ်၊Ballon D’orဆုတို့လို အကြီးမားဆုံး ဆုတွေကို ဆွတ်ခူးပြီး ကစားသမားဘဝကအနားယူချင်မှာ အမှန်ပါ့ပဲ။ ရော်နယ်ဒိုရဲ့ အောင်မြင်မှုကို လိုချင်တပ်မက် တဲ့ စိတ်ကတော့ ဘယ်တော့မှကျသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် စီးရီအေ ချန်ပီယံဆုကို မနှစ်က လက်လွှတ်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် မနည်းရုန်းကန်ခဲ့ရတဲ့ ဂျူဗီကထွက်ခွာပြီး ဆုဖလားအာမခံချက်အပြည့်ရှိတဲ့ မန်စီးတီးကို သွားချင်နေမှာပါ။

(၄) မဟာပြိုင်ဖက်ကြီး မက်စီကြောင့်

မက်စီဟာ ဒီနှစ်နွေမှာ ဘာစီလိုနာအသင်းနဲ့ အံဩသင့်ဖွယ်လမ်းခွဲပြီး နေမာ၊အမ်မတ်ပေ၊ရာမို့နဲ့ ဒီမာရီရာတို့လို ကစားသမားတွေကောင်းတွေရှိတဲ့ PSGလိုအသင်းကို သွားရောက်ကစားခဲ့တာ ကြောင့် ချန်ပီယံလိဂ်ဖလားကိုဆွတ်ခူးဖို့ ရေပန်းစားနေပါတယ်။ ဒါဟာ ဂျူဗင်တပ်က ရော်နယ်ဒိုအတွက်တော့ PSG အသင်းအင်အားကို သွားယှဥ်ဖို့ မဖြစ်နိုင်အောင်ကို ခံစားနေရမှာပါ။ ဒါကြောင့်PSGနဲ့အပြိုင် ဥရောပ ဘုရင်ဖြစ်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ မန်စီးတီးကို ပြောင်းရွေ့ဖို့ စိတ်အားထက်သန်နေတာ ဖြစ်နိုင်ပါတယ်။

လက်ရှိမှာတော့ ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူဟာ မန်စီးတီးနဲ့ အကြိတ်အနယ်ဆွေးနွေးနေပြီး မန်စီးတီးအတွက်ကလည်း ဟယ်ရီကိန်းကို ခေါ်မရတာသေချာသွားပြီဖြစ်တာကြောင့် ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေနိုင်ပါတယ်။ဒီရာသီမှာ မန်စီးတီးဟာ အထောင်တိုက်စစ်မှူးတစ်ဦးကို လိုချင်နေတာဖြစ်လို့ ဟယ်ရီကိန်းကို ပေါင်သန်း ၁၂၀အထိပေးခဲ့ပေမယ့် စပါးအသင်းက ငြင်းပယ်ခဲ့တာကြောင့် အပြောင်းအရွေ့မဖြစ်မြောက်ခဲ့ပါဘူး။

ဂျူဗင်တပ်ဟာ ရော်နယ်ဒိုရဲ့ ပြောင်းရွေ့ကြေးအတွက် ပေါင်သန်း ၃၀ လိုချင်နေပြီး မန်စီးတီးကတော့ လစာကြီးလွန်းတဲ့ရော်နယ်ဒိုအတွက် စျေးအများကြီးပေးမခေါ်ချင်ဘူးြဖစ်နေတာပါ။ ဒါကြောင့် အပြောင်းအရွေ့စျေးကွက်ပိတ်ခါနီးမှာ ရင်ခုန်စရာကောင်းနေတဲ့ ရော်နယ်ဒိုနဲ့ မန်စီးတီးရဲ့ သတင်းကတော့ ရေပန်းအစားဆုံးပါ။

Credit – Sport evening