Sports

ဂယ်ရီနဗီးလ် နဲ့ ဖာဒီနန် ပြောဆိုသံတွေကို – ပြန်လည်ပြောဆိုလိုက်တဲ့ဆိုးလ်ရှား

ဂယ်ရီနဗီးလ် နဲ့ ဖာဒီနန် ပြောဆိုသံတွေကို – ပြန်လည်ပြောဆိုလိုက်တဲ့ဆိုးလ်ရှား

ပြီးခဲ့တဲ့အပတ်လောက်ကမှ ယူနိုက်တတ် အသင်းအနေနဲ့ တိုက်စစ်မှုး တယောက်ကို အရခေါ်ယူဖို့ အကြံပေးပြောဆိုသွားတဲ့ ဂယ်ရီနဗီးလ်ရဲ့ စကားသံတွေ ၊ ဖာဒီနန်ရဲ့ အကြံပေးပြောဆိုသံတွေကို ယူနိုက်တတ် နည်းပြကြီး ဆိုးလ်ရှား ကြားသိသွားတယ်ထင်ပါတယ်။

ဆိုးလ်ရှား ကတော့ ယူနိုက်တတ်အသင်းဟာ ပြည့်စုံနေတဲ့ အနေထားမှာ ရောက်နေကာ လုံလောက်တဲ့ ခေါ်ယူမှု တွေ လုပ်ခဲ့ကြောင်း သူ့အနေနဲ့ နောက်ထပ် ခေါ်ယူမှု လုပ်ဖို့ မရှိလောက်တော့ပါဘူးလို့ ပြောဆိုဖွင့်ဟလာခဲ့ပါတယ်။

ယူနိုက်တတ် အသင်းဟာ ရာသီမပိတ်ခင်မှာပဲ ကစားသမားသစ် ထပ်မံ ခေါ်ယူဖို့ အတွက် သတင်းများ မကြာခနဆိုသလို ထွက်နေတာပဲဖြစ်ပါတယ်။

ဒီရာသီ မှာ တိုက်စစ်မှုး ဆန်ချို နဲ့ ခံစစ် ဗာရန်း တို့ကို ယူနိုက်တတ်တို့ ခေါ်ယူနိုင်ခဲ့ပေမယ့် ဂယ်ရီနဗီးလ် နဲ့ ဖာဒီနန် ကတော့ ထပ်မံခေါ်ယူဖို့ အတွက် တိုက်တွန်းထားကာ ယူနိုက်တတ် ဟာ လူခေါ်ဖို့အတွက်ဆို နှေးကွေးတယ်ဟု ဖာဒီနန် က ပြောဆိုထားပါသေးတယ်။

ဆိုးလ်ရှား ကတော့ ကစားသမားသစ် ခေါ်ဖို့ မရှိလောက်ပြောဆိုခဲ့ပေမယ့် ဖြစ်လာနိုင်ရင်လည်း ဖြစ်လာနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber