Sports

UEFA အကောင်းဆုံး ဆုတွေကို နေရာလိုက် သိမ်းပိုက်ခဲ့ကြတဲ့ ချဲလ်ဆီးအသင်း…

UEFA အကောင်းဆုံး ဆုတွေကို နေရာလိုက် သိမ်းပိုက်ခဲ့ကြတဲ့ ချဲလ်ဆီးအသင်း…

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး နည်းပြအဖြစ် ဆုကို ချန်ပီယံ ချဲလ်ဆီးနည်းကြီး သောမတ်စ်တူဟယ်လ်က အကောင်းဆုံး နည်းပြ အဖြစ် ရရှိခဲ့ပါတယ်။

နည်းပြဆု ၊ ဂိုးသမား ဆု ၊ ကွင်းလယ် အကောင်းဆုတွေ ၊ အကောင်းဆုံးကစားသမားဆုတွေကို ချန်ပီယံ ချဲလ်ဆီးအသင်း သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

နည်းပြ ဆုအတွက် တူဟယ်လ် သိမ်းပိုက်ခဲ့သလို အကောင်းဆုံး ဂိုးသမားဆုကိုလည်း ချဲလ်ဆီးဂိုးသမား အက်ဒါမန်ဒီက ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ် အကောင်းဆုံး ဂိုးသမားဆုကိုလည်း ချဲလ်ဆီးအသင်းသာ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်၊အက်ဒါမန်ဒီ အကောင်းဆုံး ဂိုးသမားအဖြစ် ၁၂ပွဲအတွင်းမှာ clean sheets ၉ပွဲ ရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ် အကောင်းဆုံး ကွင်းလယ် ကစားသမား ရွေးချယ်ခံရတဲ့ ကစားသမားကတော့ ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီကို ရွေးချယ်ခဲ့ပြီ၊ချန်ပီယံလိဂ် အကောင်းဆုံး ကစားသမားကတော့ ချဲလ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုကို ရရှိခဲ့တာဖြစ်ပါတယ်။

တိုက်စစ်ကစားသမားဆုကတော့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှုး အာလင်းဟာလန်းက ရရှိခဲ့ကာ
နောက်တန်းအကောင်းဆုံးကို မန်စီးတီး အသင်း နောက်ခံကစားသမား ရူဘင်ဒီယက်စ်ရရှိခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber