Celebrity

ချစ်ခင်ပွန်းနဲ့ခွဲခွါခဲ့ရတာ (၇)ရက်ရှိသွားပြီဖြစ်လို့ ရက်လည်နေ့မှာ မိတ်ဆွေတွေပို့ပေးတဲ့ သင်္ကန်း၊ပရိက္ခရာပစ္စည်းတွေနဲ့ ကုသိုလ်လုပ်ပေးမယ့် နန်းမြတ်ဖြိုးသင်း…

သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းရဲ့ ချစ်ခင်ပွန်း ကိုတာတာမျိုးကတော့ ဩဂုတ်လ (၂၁)ရက်နေ့က ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

နန်းမြတ်တို့ဇနီးမောင်နှံနှစ်ယောကရဲ့အိမ်ထောင်သက်က (၄)နှစ်ပဲရှိသေးတာကြောင့် ပရိသတ်တွေကလည်း အခုလိုအခြေအနေအတွက် အရမ်းစိတ်မကောင်းဖြစ်နေကြတာဖြစ်ပါတယ်။နန်းမြတ်တို့ဇနီးမောင်နှံက သားလေးနဲ့သမီးလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ထားတာဖြစ်ပါတယ်။

နန်းမြတ်ရဲ့ခင်ပွန်း ကိုတာတာမျိုးက ခင်ပွန်းကောင်းပီသပြီး ဇနီးနဲ့ကလေးတွေကို အမြဲပျော်ရွှင်အောင်ထားပေးတတ်သူဖြစ်ပါတယ်။အခုလိုမျိုး အရမ်းချစ်ရပြီးအားကိုးရတဲ့ ခင်ပွန်းနဲ့ခွဲခွါလိုက်ရတာကြောင့်နန်းမြတ်လည်းအရမ်းခံစားရမှာပဲဖြစ်ပါတယ်။

ဒီနေ့ကတော့ ကွယ်လွန်သူကိုတာတာမျိုးရဲ့ ရက်လည်နေ့ဖြစ်လို့ ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းတွေက ကုသိုလ်ကောင်းမှူတွေပြုလုပ်ပေးတာဖြစ်ပါတယ်။နန်းမြတ်ကလည်း ခင်ပွန်းအတွက်အလှူလုပ်ပေးမှာဖြစ်လို့ သူမရဲ့အိမ်မှာ မိတ်ဆွေတွေပို့ပေးတဲ့ သင်္ကန်း၊ပရိက္ခရာတွေရောက်ရှိနေပြီဖြစ်ပါတယ်။

နန်းမြတ်ကတော့ ချစ်ခင်ပွန်းကိုဆုံးရှုံးလိုက်ရတာ (၇)ရက်ရှိသွားပေမယ့် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ဖြတ်ကျော်နေတာဖြစ်ပါတယ်။သူမရဲ့သားသမီးတွေအတွက် ရှေ့ကနေမားမားမတ်မတ်ရပ်တည်ပေးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

နန်းမြတ်ရဲ့ပျော်ရွှင်စရာမိသားစုလေးမှာ အခုလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ခဲ့တာကြောင့် သူမနဲ့ထပ်တူပရိသတ်တွေကလည်း အရမ်းဝမ်းနည်းနေကြတာဖြစ်ပါတယ်။ခင်ပွန်းရဲ့ရက်လည်နေ့မှာ ရောက်ရာဘုံဘဝကနေသာဓုခေါ်နိုင်ဖို့အတွက် ကုသိုလ်တွေပြုလုပ်ပေးမယ့် နန်းမြတ်ရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit