Sports

တိုက်စစ်မှုး အသစ် ပါဝင်လာတဲ့ အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်း…

အင်္ဂလန်အသင်း လူစာရင်း ကို ဆောက်ဂိတ် ကတော့ အပြောင်းအလဲ ပါးပါးလေးသာ လုပ်ခဲ့ပါတယ်။

လာမည့်စတင်ဘာ မှာ ကစားရမယ့် အင်္ဂလန်အနေနဲ့ ဟန်ဂေရီ ၊ အန်ဒိုရာ ၊ ပိုလန် အသင်းတို့နဲ့ ကမ္ဘာဖလားခြေစစ်ပွဲ အတွက် လူစာရင်း ရွေးချယ်ခြင်းမှာတော့ တိုက်စစ်မှုး နေရာမှာ ပထမဆုံးအဖြစ် လိဒ်စ်အသင်း တိုက်စစ်မှုး ပက်ထရစ်ဘမ်ဖို့ဒ် ရွေးချယ်ခံရပါတယ်။

ယူနိုက်တတ် တိုက်စစ်မှုး ရက်ရှ်ဖို့ဒ်ပါဝင်လာခြင်းမရှိပဲ ယူနိုက်တတ် အသင်း တိုက်စစ်မှူး ဂရင်းဝုဒ်လည်း လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါ ၊ ယူနိုက်တတ် မှာ လင်ဂတ်ကတော့ လက်ရွေးစင် လူစာရင်း မှာ ပါဝင်ခဲ့ပါတယ်။

အင်္ဂလန်အသင်း လာမည့် စတင်ဘာလ ၂ရက်နေ့မှာ ဟနိဂေရီ နဲ့ အဝေးကွင်း စတင်ကစားမှာဖြစ်ကာ ၅ရက်နေ့မှာတော့ အန်ဒိုရာနဲ့ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်၊ ၈ရက်နေ့မှာတော့ အဝေးကွင်း မှာ ပိုလန်နဲ့ ကစားသွားမှာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်း ပဏာမ လူစာရင်း

ဂိုး-ဆမ်ဂျွန်စတိုး ၊ ပစ်ဖို့ ၊ နစ်ပုပ်
နောက်တန်း-အာနိုး၊ကုန်ဒီ၊ရီဆီဂျိမ်းစ်၊လုခံရှော၊မက်ဂွိုင်းယား၊ကိုင်းဝေါ်ကာ၊မင်းစ်၊ဂျွန်စတုံး၊ထရစ်ပီယာ

အလယ်တန်း-ဘယ်လင်ဂမ်၊မေဆန်မောင့်၊ဒက်ကလန်ရိုက်စ်၊လင်ဂတ်၊ကယ်ဗင်ဖိလစ်၊ဟန်ဒါဆန်

ရှေ့တန်း-ဟယ်ရီကိန်း ၊ ဆန်ချို ၊ စတာလင်း ၊ ဆာကာ ၊ ဂရီးလစ်ရှ် ၊ ဘမ်ဖို့ဒ် ၊ ကယ်ဗတ်လီဝင်

Photo Credit To Owner
Internet Source
SportsGaber