Sports

ရိုနယ်ဒိုဟာ ခါးသီးတဲ့ မြို့ခံပြိုင်ဘက် အသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ယုံကြည်နေတဲ့ – အရင်းနှီးဆုံး အသင်းဖော် သူငယ်ချင်း ဝိန်းရွန်းနီ

ရိုနယ်ဒို အပြောင်းရွှေ့ မှာ ယူနိုက်တတ် ပရတ်သတ်တွေအနေနဲ့ ခါးသီးလှတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းနဲ့ အပြောင်းရွှေ့ တော်တော်နီးစပ်တဲ့ ရိုနယ်ဒို အပေါ်မှာ စိတ်ခံစားချက် တွေ ဒေါသတွေ နဲ့ ယူနိုက်တတ် ပရိတ်သတ် အလွန်းမင်း စိတ်ဒေါသတွေ ဖြစ်ပေါ်နေပါတယ်။

ယူနိုက်တတ် အသင်း ဂန္တဝင် ကစားသမား ဝိန်းရွန်းနီ ကတော့ ရိုနယ်ဒို အပြောင်းရွှေ့ နဲ့ပတ်သက်လို့ ယုံကြည့်မှုအပြည့်အဝနဲ့ ပြောဆိုဖွင့်ဟလာပါတယ် ၊ ရိုနယ်ဒို ဟာ မန်ချက်တာ ယူနိုက်တတ် အသင်းရဲ့ ခါးသီးလှတဲ့ မြို့ခံ ပြိုင်ဘက် မန်ချက်တာ စီးတီးအသင်း အထံ ပြောင်းရွှေ့မှာ မဟူတ်ကြောင်း ယုံကြည့်စွာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

ဝိန်းရွန်းနီ ပြောဆိုလိုက်ပေမယ့်လည်း ရိုနယ်ဒို နဲ့ စီးတီးအသင်း ဟာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားကာ စာချုပ် ချုပ်ဆိုဖို့ထိ ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်။မန်စီးတီး အသင်းဟာ ရိုနယ်ဒို ကို ၂နှစ် သက်တမ်းနဲ့ စာချုပ် ချုပ်ဆိုမယ်လို့ သိရပါတယ်။

ရိုနယ်ဒို ဟာ မန်ချက်တာ ယူနိုက်တတ် ရဲ့ မွေးထုတ်ပေးလိုက်တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် ခါးသီးလှတဲ့ မြို့ခံပြိုင်ဘက် အသင်းထံ ပြောင်းရွှေ့မှာမဟုတ်ကြောင်း ယုံကြည် မှုရှိနေတဲ့ လူတွေထဲမှာ ရိုနယ်ဒို ရဲ့ အရင်းနှီးဆုံး ဖြစ်ခဲ့ကြတဲ့ အသင်းဖော် ဝိန်းရွန်းနီ လည်း ပါဝင်ခဲ့ပါတယ်။

ရိုနယ်ဒို နဲ့ ပတ်သက်လို့ -ရွန်းနီးက ဒီအပြောင်းရွှေ့က စိတ်ဝင်စားဖို့ပဲကောင်းနေတာပါ တကယ် ပြောင်းရွှေ့လာဖို့လောက်ထိ ဖြစ်လာမယ်မထင်ပါဘူး ၊ ရိုနယ်ဒို ဟာဂုဏ်ယူ ဝင့်ကြွားတဲ့ ကစားသမားဖြစ်တယ်၊ ယူနိုက်တတ် သမိုင်းကြောင်း မှာ ရိုနယ်ဒို ဆိုတဲ့နာမ်စား ပိုင်ဆိုထားတဲ့ ကစားသမား ပါ၊ ရိုနယ်ဒို စီးတီးအသင်း ကိုပြောင်းရွှေ့သွားတာက မြင်ကြည့်လို့ကိုမရတာပါ ၊ ဒါပေမယ့် ဘောလုံး လောကမှာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ မသိနိုင်ဘူးလေ၊ပြောဆိုခဲ့ပါတယ်။

Photo Credit To Owner
Internet Source
SportsGaber