Celebrity

သူ့ရဲ့ဆွေမျိုးတွေထဲမှာ တပ်ထောက်ခံသူတွေရှိနေတဲ့အပေါ် ပြတ်ပြတ်သားသားနဲ့ ပြန်လည်တုံ့ပြန်လိုက်တဲ့ လူရွှင်တော်ပိုးလေး

ဇာတ်သဘင်လောကမှာ အောင်မြင်မှုတွေများစွာရရှိထားပေမယ့် ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး မျိုးချစ် စိတ်အပြည့်နဲ့ တော်လှန်ရေးတိုက်ပွဲဝင်နေကြတဲ့သူတွေကတော့ ဟားငါးကောင်အဖွဲ့ပဲဖြစ်ပါတယ်။

လူရွှင်တော်တွေအနေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေနိုင်တဲ့ ဟားငါးကောင်အဖွဲ့ဟာ လက်ရှိမှာ‌ဆိုရင်လည်း လွတ်မြောက်နယ်မြေတစ်ခုမှာ စစ်ရေးအတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်…..။

ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ အာဏာရှင်စနစ်ကိုဖြုတ်ချဖို့အတွက် ကြိုးစားနေကြတဲ့ဟားငါးကောင်အဖွဲ့ဟာဆိုရင် စစ်ရေးအတွက်ပြင်ဆင်နေကြသလို တော် လှန်ရေးအငြိမ့်အတွက်လည်း ပြင်ဆင်ကပြနေကြတာကိုလည်း တွေ့ရပါတယ်။

ဟားငါးကောင်အဖွဲ့ကို တိုင်းကျော်၊ပြည်ကျော်၊ဝိုင်းကျော်၊တိုးကျော်၊ပိုးလေးတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပြီး စိတ်တူကိုယ်တူနဲ့ အမှန်တရားဘက်ကရပ်တည်နေကြသူတွေဖြစ်ပါတယ်။

အခုအခါမှာလည်း ပိုးလေးဟာသူ့ရဲ့ Facebook စာမျက်နှာမှာ ဆွေမျိုးတွေထဲမှာတပ်ထောက်ခံသူအချို့ရှိနေတာနဲ့ ပက်သက်ပြီး သူ့ရဲ့စိတ်ထားကို ပွင့်ပွင့်လင်းလင်းရေးသားလာပါတယ်။

လူ့အသိဉာဏ်ရှိသူတွေနဲ့ လူ့အသိစိတ်ရှိသူတွေသာ သူ့ရဲ့အမျိုးများဖြစ်ကြောင်းနဲ့ သူနဲ့ဘာမှမတော်စပ်ဘူးလို့ပဲ မှတ်ယူပေးကြပါဆိုပြီး ရေးသားထားတာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit – MMLoad