Sports

ပရီးမီးယားလိဂ်ပွဲစဥ်များအတွက် ပွဲကြိုခန်းမှန်းသုံးသပ်ချက်များ….

လီဗာပူး vs ချဲလ်ဆီး ၊ ဝုဗ် vs မန်ယူနိုက်တက် ၊ မန်စီးတီး vs အာဆင်နယ်…

မိုက်ကယ်ဝင်ရဲ့ ခန်းမှန်း ချက်တွေ လာပါပြီဗျာ…

ဒီပတ်ပရီးမီးယားလိဂ်ပွဲတွေကို မိုက်ကယ် အိုဝင်ခန်းလိုက်တဲ့ ဂိုး ရလဒ်တွေနဲ့ အမြင် သုံးသပ်ချက် တွေ ဖော်ပြပေးလိုက်ပါတယ်။

မန်စီးတီး အသင်းနဲ့ အာဆင်နယ် အသင်းကတော့ ရှင်းရှင်းလေးပါ ၊ အာဆင်နယ်အသင်း ဒီရာသီအတွက် ခက်ခဲတဲ့ ကာလဖြစ်သလို ပရီးမီးယားလိဂ် သွင်းဂိုးလည်းရရှိမထားပါဘူး၊ နှစ်ပွဲဆက်ရှုံးနိမ့်သလို ဒီပွဲလည်း ရှုံးနိမ့်မှာဖြစ်ကြောင်း မိုက်ကယ်အိုဝင်က ခန်းမှန်းလိုက်ပါတယ်။

မန်စီးတီး ၂ – ၀ အာဆင်နယ်

ဝုဗ် vs မန်ယူနိုက်တက်

ဝုဗ်အသင်းနဲ့ယူနိုက်တတ်အသင်းကတော့ ယူနိုက်တတ် အသင်းသာ ဂရင်းဝုဒ်ကို အထောင်တိုက်စစ်မှုးအဖြစ် ပွဲ ထုတ်မယ်ဆို ယူနိုက်တတ် အသင်း ဂရင်းဝုဒ်က အနိုင်ဂိုးတွေ သွင်းယူပေးမှာပါ၊ လိဒ်စ် အသင်းနဲ့ အဖွင့်လှခဲ့တဲ့ ယူနိုက်တတ် အသင်းဟာ ဆောက်သမ်တန် နဲ့ပွဲမှာ အားရစရာမရမရှိဘူး၊ သရေဂိုးကို ဂရင်းဝုဒ် က ရယူခဲ့လို့ ရမှတ် တစ်မှတ်ရရှိခဲ့တာဖြစ်တယ်၊ ဒီပွဲမှာလည်း ဂရင်းဝုဒ် က လုပ်ပြပါလိမ့်မယ်။

ဝုဗ် ၀ – ၁ မန်ယူ

လီဗာပူး vs ချဲလ်ဆီး

လီဗာဗူးအသင်းနဲ့ ချဲလ်ဆီး ပွဲကတော့ ပရိတ်တွေရော ကစားသမားတွေပါ အပြိုင်အဆိုင် သွင်းဂိုးတွေ မြင်တွေ့ရမှာပါ၊ နှစ်သင်းလုံးဟာ အင်အားကောင်းကောင်းနဲ့ ပွဲစဥ်တွေ အနိုင်ယူပြတဲ့ လီဗာဗူး ချဲလ်ဆီးတို့ ဖြစ်နေပါတယ်၊ ဒီပွဲဟာ လူကာကူ ကို ထိန်းချုပ် ကစားမယ့် လီဗာဗူး နောက်ခံမှာလည်း ပေးဂိုးတွေ မရှိသေးပါဘူး၊ နှစ်သင်းလုံးအနေထားက ကောင်းပေမယ့် အန်းဖီးလ် ပရိတ်သတ် တွေရှေ့မှာ လီဗာဗူး အနိုင် သာ ရရှိဖို့ အခွင့်သာနေပါတယ်။

လီဗာဗူး ၂ – ၁ ချဲလ်ဆီး

Photo Credit To Owner
Internet Source
SportsGaber