Local News

“ထမင်းနပ်မှန်ဖို့ခက်ခဲနေချိန်မှာ ကြိုက်တာယူ(၅၀) ကျပ်နဲ့လာရောင်းချပေးနေလို့ ဝမ်းနည်းဝမ်းသာဖြစ်ပြီး မျက်ရည်ကျနေတဲ့ အဘွားအိုရဲ့ ဗီဒီယို”

ကိုဗစ်ရောဂါတွေ၊နိုင်ငံရေးအခြေအနေတွေကြောင့် စီးပွားရေးတွေ ကြပ်တည်းနေသလို အသွားအလာတွေ ကန့်သတ်ထားတာကြောင့်လည်း ခရီးသွားတွေကို မှီခိုပြီး လုပ်ကိုင်စားသောက်နေတဲ့ ပြည်သူတွေလည်း ဒုက္ခရောက်နေကြပါတယ်။

ပုဂံ၊ညောင်ဦးက ပြည်သူတွေဟာလည်း ခရီးသွားတွေ မလာရောက်တော့တာကြောင့် စားဝတ်နေရေးကိုတောင် အနိုင်နိုင်ဖြေရှင်းနေရပါတယ်။ ယခုလိုဒုက္ခရောက်နေကြချိန်မှာ အဆင်ပြေတဲ့ ပြည်သူတွေကလည်း အခက်အခဲဖြစ်နေတဲ့ လူတွေဝယ်ယူနိုင်တဲ့ စျေးနှုန်းနဲ့ အခြေခံစားသောက်ကုန်တွေကိုရောင်းချပေးနေကြပါတယ်။

ယခုမှာတော့ ဈေးလျော့ရောင်း Compaignပြုလုပ်နေတဲ့ ပြည်သူတွေဟာ ကြိုက်တာယူ (၅၀)ကျပ်နဲ့ ပုဂံ၊ညောင်ဦးက ပြည်သူတွေကို ရောင်းချပေးနေခဲ့ပါတယ်။ အရောင်းကားလေးနဲ့ လူဦးရေ (၂၀၀၀)စာလိုက်လံရောင်းချပေးခဲ့တာဖြစ်ပြီး ဒေသခံပြည်သူအများအပြား အားပေးဝယ်ယူခဲ့ကြောင်း သိရှိရပါတယ်။

ခရီးသွားတွေမလာရောက်လို့ ဝမ်းရေးခက်ခဲနေကြတဲ့ အချိန်မှာ ယခုလိုလာရောက်ရောင်းချပေးတာကြောင့် ဝမ်းသာပျော်ရွှင်ပြီး ဝယ်ယူနေကြကာ အချို့အဘွားအိုတွေဆိုရင် မျက်ရည်တွေပါ ကျနေကြပါတယ်။

အဆိုပါ အဘွားအိုတွေငိုနေတာ​ကို ကြည့်ပြီး စျေးလာရောင်းပေးတဲ့ လူငယ်လေးတွေကလည်း စိတ်မကောင်းဖြစ်နေကြပါတယ်။ လူငယ်လေးတစ်ဦးကတော့ ” ကိုယ်ပါ ရောငို မိတယ်ဘုရားဖူး ခရီးသွားတွေ မရှိလို့ ခုချိန် ထမင်းနပ်မှန်ဖို့တောင်ခက်ခဲ နေတဲ့ ပုဂံ ညောင်ဦးကျေးရွာလေးတွေ ကို ပစ်မထား ကြပါနဲ့ ဗျာ ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။

လူငယ်လေးတွေရဲ့ လာရောက်လှူဒါန်းမှုကြောင့် ဝမ်းသာပြီး မျက်ရည်ကျနေတဲ့ အဘွားအိုတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Videoကြည့်ရန်နှိပ် copyယူ facebook မှာကြည့်ပါ။

https://www.facebook.com/love.exampless/videos/562944601564724/

Credit – MMLoad