Sports

ခြေစွမ်းတွေပြနေတဲ့ သရဲနီလူငယ်ဂရင်းဝုဒ်ကို မရွေးချယ်ခဲ့တဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်

ကျွန်တော်တို့ ယူနိုက်တက်ပရိတ်သတ်တွေရဲ့ အချစ်တော် သစ်သားစိမ်းလေးဖြစ်တဲ့ ဂရင်းဝုဒ်အနေနဲ့ကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

ပြီးခဲ့တဲ့ ယူရိုတုံးက ဒဏ်ရာကြောင့် ဂရင်းဝုဒ်တစ်ယောက် လွဲချော်ခဲ့တာ ဖြစ်ပေမယ့် ယခုလို့ ကြံခိုင်မှုပြည့်၀ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်တဲ့အချိန်ကျတော့ ရွေးချယ်ခြင်း မခံခဲ့ရတာကတော့ စိတ်၀င်စားစရာပါ။

ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား၊ လုခ်ရှော၊ ဆန်ချို၊ လင်ဂတ်တို့ကတော့ အင်္ဂလန်လက်ရွေးစင်မှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

လက်ရွေးစင်မှာ နည်းပြဆောက်ဂိတ်က ဆန်ချိုလိုကစားသမားမျိုးတောင် ဆာကာရဲ့ အရံအဖြစ်ကစားစေခဲ့ပါတယ်။ ဂရင်းဝုဒ်တစ်ယောက် အင်္ဂလန်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ မလွယ်ကူပေမယ့် ကစားသမားတစ်ယောက်အနေနဲ့ လက်ရွေးစင်မှာ ပါ၀င်ချင်တာကတော့ ထုံးစံပါ။

လက်ရှိအချိန်မှာ တိုက်စစ်မှုးဂရင်းဝုဒ်ကတော့ သွင်းဂိုးတွေနဲ့ ဂန္တ၀င်ကြီးတွေရဲ့ စံချိန်ကို ချိုးနေသူဖြစ်တာကြောင့် သတင်းကြီးနေသူတစ်ဦးပါ။ ဒီလို အရွေးချယ်မခံရပေမယ့် ဂရင်းဝုဒ်ရယ့် ခြေစွမ်းကတော့ လုံး၀ထိပ်တန်းအဆင့်မှာရှိ တယ်ဆိုတဲ့ အချက်ကိုတော့ လက်ခံရမှာဘဲ ဖြစ်ပါတယ်။

အခုတော့ အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ်က သူဟာ လူငယ်တိုက်စစ်ကစားသမားလေးရဲ့ တိုးတက်မှုတွေကို နှောင့်နှေးကြန့်ကြာမှု မဖြစ်စေလိုတဲ့အတွက် စွန့်စားမှု မလုပ်ပဲ တာဝန် များနေတဲ့ လူငယ်လေးကို ချန်လှပ်ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” သူဟာ ကျွန်တော့်ရဲ့ အတွေးထဲ ရှိနေခဲ့ပါတယ် ။ သူ့ကို ခေါ်ယူဖို့ ကျွန်တော် အတော်လေး တွေးခဲ့ပါသေးတယ် ။ ကျွန်တော် သူ ၊ သူ့ရဲ့ အသင်းနဲ့ စကား ပြောဖြစ်ခဲ့ပါသေးတယ် ။ မေဆွန်က ကျွန်တော်တို့ တကယ်ပဲ နှစ်ခြိုက်ကြတဲ့ ကစားသမား တစ်ဦးပါ ။ သူဟာ ထိပ်တန်း အင်္ဂလိပ် ကစားသမား ဖြစ်နိုင်ဖို့ အရည်အသွေး စုံလင်စွာ ပိုင်ဆိုင်ထားသူပါ “

” ကျွန်တော်တို့အားလုံး သူ့ကို သင့်တင့်မှန်ကန်တဲ့ အချိန် တစ်ခုမှာ ခေါ်ယူနိုင်ဖို့ သတိရှိရှိလုပ်ဆောင်နေကြပါတယ် ။ သူဟာ အခုမှ မန်ချက်စတာ ယူနိုက်တက် အသင်းကြီး အတွက် ပွဲထွက်ခွင့်တွေနဲ့ အတူ တာဝန်တွေ အများကြီး ယူပြီး ကစားရတဲ့ ရက်စွဲတွေ စတင်ပိုင်ဆိုင်တုန်းပါ “

” ဒီတစ်ကြိမ်မှာတော့ ကျွန်တော်တို့ စီနီယာ ကစားသမားတွေနဲ့ပဲ ရှေ့ဆက်ဖို့ တွေးဖြစ်ခဲ့ပြီး အကောင်းဆုံး ကစား သမားတွေကို ပိုင်ဆိုင်နိုင်ခဲ့ ပါတယ် ။ ကျွန်တော်တို့ မေဆွန် ၊ သူ့ရဲ့ အသင်း ၊ မိသားစု တွေနဲ့ ဒီအကြောင်း ပြောခဲ့ပြီးကြပါပြီ ။ သူအသင်းမှာပဲ ဆက်နေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြ ပါတယ် ” လို့ ဂါးရတ် ဆောက်ဂိတ် က ရှင်းပြခဲ့လိုက် ပါတယ် ။

ဒီတစ်ပတ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဥ် 3 အဖြစ် ဝုလ်ဗ် အသင်းနဲ့ ရငွဆိုင် ကစားရဖို့ ရှိနေပြီး ဒီတစ်ကြိမ်မှာတော့ ပရိသတ်တွေ ဝိုင်းဝန်းတောင်းဆိုမှုအရ ဂရင်းဝုဒ်ဟာ တိုက်စစ်မှူးအဖြစ် ပွဲထွက် ကစားခွင့် ရရှိနိုင်ခြေ မြင့်တက်နေခဲ့ ပါတယ် ။

TSSoe