Sports

” ဘောလုံးလောကရဲ့ အရှင်သခင် ရော်နယ်ဒိုကို မယှဉ်နိုင်ခဲ့တဲ့ မက်ဆီ “

ယူနိုက်တက် အသင်း သည် ဂျူဗင်တပ်အသင်း ကနေ ရော်နယ်ဒိုကို

ပြောင်းရွေ့ကြေး 15 သန်းအပြင် အပိုဆုကြေး 10 သန်းပေးကာ ခေါ်ယူနိုင်ခဲ့တာ တွေ့ရဘာတယ် ။

ရော်နယ်ဒို သည် ဂျူဗင်တပ်အသင်းမှာ ကစားလိုစိတ်မရှိတော့ပဲ အသင်းပြောင်းရွေ့မှာဖြစ်တာကြောင့် မန်စီးတီးကို သွားရောက်ဖို့ နီးစပ်ခဲ့ပေမယ့် ယူနိုက်တက် ရဲ့ ကြားဖြတ်ခေါ်ယူမှုကြောင့် ယူနိုက်တက် ကို ရောက်ရှိလာတာပဲဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးအားကစားသမားဖြစ်တာကြောင့် ရော်နယ်ဒိုရဲ့ သတင်းကို

အများအပြားစိတ်ဝင်စားနေကြပြီး ယူနိုက်တက် ပရိတ်သတ်တွေကတော့ စိတ်ဝင်စားမှု အများဆုံးဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့အတူ အောင်မြင်မှု များစွာဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ ရီးရဲမက်ဒရစ် ကို ပြောင်းရွေ့သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူပရိတ်သတ်တွေကတော့ ချစ်မြဲချစ်ဆဲပဲဖြစ်ပြီး ရီးရဲမက်ဒရစ်ထိလိုက်လံအားပေးခဲ့ပါတယ်။

ရီးရဲနဲ့အတူ ခြေစွမ်းကောင်းတွေပြသပြီး Ballon D’orဆုလေးဆု အပါအဝင် ချန်ပီယံလိဂ် ၄ ကြိမ်အထိဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာလည်း ဘယ်အသင်းရောက်ရောက် မန်ယူကိုတော့ မမေ့ပါဘူး။ မန်ယူအသင်းဖော်အကုန်လုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့အပြင် ဆာအဲလက်စ်ဖာဂူဆန်ဟာလည်း

သူ့အပေါ်ကိုအချစ်ဆုံးဖြစ်တာကြောင့် ရော်နယ်ဒိုက အသင်းပြောင်းခါနီးမှာ ဖာဂူဆန်ကို သွားရောက်ပြောကြားခဲ့ပါတယ်။

ဆာအဲလက်ဖာဂူဆန်ရဲ့ ပြောကြားမှု၊ဖာနန်ဒတ်၊အီဗရာ စတဲ့ သရဲနီတွေရဲ့ပြောကြားမှုကြောင့် မန်ယူအသင်းကို ရော်နယ်ဒိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

မန်ယူအသင်းဟာ ရော်နယ်ဒို ရောက်ရှိကြောင်း တွစ်တာပေါ်မှာ ကြောညာခဲ့ရာ တစ်နာရီအတွင်း လူဆယ်သိန်းအထိ likeလုပ်ခဲ့ကြပါတယ်။

ဒီအရေအတွက်ဟာ မက်စီ ပီအက်ဂျီကို ပြောင်းလို့ PSG ကြေညာတုန်းကထက် များပြားနေတာဖြစ်ပါတယ်။

မက်စီကို ကြေညာတုန်းက တစ်နာရီ အတွင်းမှာ Likeက ၈၆၉၀၀၀ ပဲရရှိခဲ့တာဖြစ်ပါတယ်။

ဒါတောင် မက်စီဟာ ဘာစီလိုနာကနေ အသင်းပြောင်းတာပထမဆုံးအကြိမ်ဖြစ်ပြီး လူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တယ်လို့ ပြောလို့ရပါတယ်။

နာမည်ကြီးမှုမှာတော့ မက်စီဟာ ရော်နယ်ဒိုကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ရော်နယ်ဒိုဟာမန်ယူအသင်းနဲ့အတူ ဘယ်လောက်ထိခြေစွမ်းကောင်းတွေပြသနိုင်မလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရပါ့ဦးမယ်။

ပရိတ်သတ်ကြီးကော ရော်နယ်ဒိုတစ်ယောက် မန်ယူနဲ့အတူ ဖလားဘယ်နှလုံးအထိ ဆွတ်ခူးနိုင်မယ်လို့ ထင်လဲ ပြောခဲ့ပါ့ဦး

Unicode



















Credit – SportsEvening