Local News

ပြည်သူ့အတွက် အသက် ၈၀ အရွယ် အဘိုးကြီး လက် နက် ကိုင်နေပြီ….

နွေဦးတော်လှန်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်လာသူ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်းဂျော်နီ

အရပ်သားအစိုးရလက်ထက်က ဧရာဝတီတိုင်း​
ဒေသကြီး၊ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ အသက် ၈၀ အရွယ် ဦးမန်းဂျော်နီကို မကြာခင်မြို့သိမ်းတိုက်ပွဲများ ဆောင်ရွက်တော့မည်ဟု ကြေငြာထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။

သူဟာ ၁၉၈၈ခု နှစ်နောက်ပိုင်း နှစ်ရှည်ထောင်ဒဏ်ကျခံခဲ့ရသူ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၆ခု နှစ်မှ ၂၀.. အထိ NLD ပါတီ၏ အရပ်သားအစိုးရလက်ထက်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ကာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်ရောက်ယှဥ်ပြိုင်ကာ အနိုင်ရခဲ့သူတစ်ဦးဖြစ်ပါတယ်။

လက်နက်အားကိုး အာဏာရှင်ကြီးစိုးတဲ့ဒီနိုင်ငံမှာ ဒီမိုကရေစီအစစ်အမှန်အတွက် သေနတ်ကိုင်ရမှဖြစ်မယ့်အခြေအနေမို့ မန်းတစ်ယောက် ကရင်လူမျိုးပီပီ ကရင့်တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်နေခဲ့ပါပြီ။

မန်းဂျော်နီ ကိုချစ်ခင်အားပေးတဲ့သူများ အမှတ်တရစကားလေးတစ်ခွန်းပြောခဲ့ပါအုံး။

#ဒေါကလူကွန်ယက်

Credit