Sports

ချန်ပီယံလိဂ်ဘုရင်ကြီး ရော်နယ်ဒို မန်ယူအသင်းအတွက် စတင်ကစားပေးမယ့် ချန်ပီယံလိဂ်

ခရစ္စတီယာနို ရော်နယ်ဒိုတစ်ယောက် ယူနိုက်တက်ကို ပြန်လာခဲ့ပြီးနောက် ပထမဆုံး ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ဟာ စက်တင်ဘာ ၁၄ရက်နေ့ ယန်းဘွိုင်းစ်နဲ့ အဝေးကွင်းပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ်။ ပေါ်တူဂီသားဟာ ယမန်နေ့က လွန်ခဲ့တဲ့ ၁၂နှစ်အကြာက နှုတ်ဆက်ခဲ့တဲ့ အိုးထရက်ဖို့ဒ်ကို အံ့အားသင့်ဖွယ် ပြန်ရောက်လာခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘ၀ ချန်ပီယံလိဂ် ၅ကြိမ် ဆွတ်ခူးခဲ့ပြီး ယခုအချိန်မှာတော့ ယူနိုက်တက်ထံ ဥရောပအောင်မြင်မှုတွေ ယူဆောင်လာပေးမယ့် ခရီးကို စတင်တော့မှာပါ။ ၁၅ရက့်နေမှာတော့ လီဗာပူးအသင်းဟာ ၂၀၀၅ခုနှစ် ချန်ပီယံလိဂ် ဗီုလ်လုပွဲမှာ အနိုင်ရခဲ့ပြီး ၂၀၀၇မှာ ပြန်ရှုံးခဲ့တဲ့ ပြိုင်ဘက်ကြီး အေစီမီလန်ကို အန်ဖီးလ်မှာ ဧည့်ခံရမှာပါ။

လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းက စက်တင်ဘာ ၁၄ရက်နေ့မှာ ဇင်းနစ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး နောက်ရက်မှာတော့ မန်စီးတီးက လိုက်ပ်ဇစ်ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၈ရက်နေ့မျာ မန်စီးတီးက ပီအက်စ်ဂျီကို အဝေးကွင်းမှာ ကစားရမယ်လို့ ဆိုပြီး နည်းပြ ဂွါဒီယိုလာနဲ့ မက်ဆီတို့ ပြန်လည် ရင်ဆိုင်ရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယန်းဘွိုင်းစ်နဲ့ ပွဲပြီးရင်တော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အသည်းခွဲသွားတဲ့ ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နောက်တစ်ကျော့ကိုတော့ နိုဝင်ဘာ ၂၃ရက်နေ့မှာ ကစားရမှာပါ။ လီဗာပူးအသင်းဟာ အက်သလက်တီကိုနဲ့ အောက်တိုဘာ ၁၉၊ နိုဝင်ဘာ ၃ရက်နေ့တွေမှာ ရင်ဆိုင်သွားရမှာပါ။

ချဲလ်ဆီးက ဂျူဗင်တပ်စ်နဲ့ စက်တင်ဘာ ၂၉၊ နိုဝင်ဘာ ၂၃ရက်နေ့မှာ ရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်ကို စက်တင်ဘာ ၁၄၊ စက်တင်ဘာ ၂၉ရက်နေ့တွေမှာ ကစားသွားရမှာပါ။

ခရက် ဒစ်